ကိုဗစ်ကာလအတွင်း ကလေးအတွက် နို့မုန့်ဝယ်မတိုက်နိုင်၍ ဖခင်ဖြစ်သူကြိုးဆွဲချသေဆုံး

Local News

ကိုဗစ်ကာလအတွင်း ကလေးအတွက် နို့မုန့်ဝယ်မတိုက်နိုင်၍ ဖခင်ဖြစ်သူကြိုးဆွဲချသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက် မေတ္တာလမ်းမကြီးရှိ နေအိမ်တစ်အိမ်မှာ ကိုဗစ်ကာလအတွင်း အလုပ်ရှာမရဖြစ်ပြီး

စားဝတ်နေရေးခက်ခဲမှုကို မိသားစုကြုံတွေ့ရပြီးနောက်ပိုင်း အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ သုံးလသားအရွယ် သားငယ်ဖြစ်သူအတွက်

နို့မှုန့်ကိစ္စနဲ့ လင်မယားချင်း စကားများခဲ့ပြီးနောက် အမျိုးသမီးက အပြင်ထွက် နို့မှုန့်ဝယ်စဉ် အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ခင်ပွန်းဖြစ်သူ အဆုံးစီရင်သွားတာလို့

ကျန်ရစ်သူ အမျိုးသမီးက ပြောပါတယ်။

အဆုံးစီရင်သွားသူဟာ ကျပမ်း ပန်းရံလုပ်ကိုင်သူဖြစ်ပြီး အခုငှားနေတဲ့ ကျူးကျော်နေအိမ်ကို ပြောင်းလာတာ တစ်လမပြည့်သေးဘူးလို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနဲ့ We Love U Nyi Nyi အဖွဲ့တို့က ကျန်ရစ်သူ မိသားစု နေအိမ်နဲ့ ရပ်ကွက် အတွင်းရှိ နေအိမ်တွေကို ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်တွေကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ သုံးလသားအရွယ် မိသားစုကို အောက်တို ဘာလ ၅ ရက်နေ့က မြင်တွေ့ရစဉ်။

image.png

Leave a Reply