ယခုလိုရာသီဥတု အပြောင်းအလဲကာလမှာ မိမိခွေးလေးတွေ အအေးပါတ်ခြင်းက ဘယ်လိုကာကွယ်မလဲ

Knowledge

ယခုလိုရာသီဥတု အပြောင်းအလဲကာလမှာ မိမိခွေးလေးတွေ အအေးပါတ်ခြင်းက ဘယ်လိုကာကွယ်မလဲ

ရာသီဥတု ပူရာကနေတဖြေးဖြေးအအေးပိုင်းကိုကူးလာတဲ့အခါ ခွေးကလေးတွေအဖြစ်အများဆုံးရောဂါကတော့
အအေးပါတ် ချောင်းဆိုးပါပဲ

ရောဂါအကြောင်
အသက်ရှူလမ်းကြောင်းထဲကို Bordetella ဆိုတဲ့ Bacteria တွေဝင်လို့ပဲဖြစ်ပါတယ်
Kennel Cough လို့ ခေါ်ပါတယ်
လေမှတဆင့်ပြန့်နှံနိုင်ပြီး ချောင်းဆိုးနေသောခွေးမှ အခြားခွေးများစီသို့ လွယ်လင့်တကူ ကူးဆက်နိုင်ပါတယ်
ဒါကြောင့် Kennel Cough ဖြစ်ပြီဆိုရင် အခြားခွေးလေးတွေနဲ့ သပ်သပ်စီ ခွဲထားသင့်ပါတယ်

ဖြစ်ပွားပုံ
Kennel Cough အဓိကဖြစ်ရသောအကြောင်းအရင်းကတော့ အအေးပါတ်ခြင်းကြောင့်ဖြစ်ပါတယ်
တစ်ခြားသော Kennel Cough ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
ခွေးလေးတွေအိပ်ယာနေရာမသန့်ရှင်းခြင်း
စွတ်စိုထိုင်းမှိုင်းပြီး ဘက်တီးရီးယားပေါက်ဖွားလွယ်သောနေရာတွင်နေထိုင်ခြင်း
လေဝင်လေထွက်မကောင်းသောနေရာတွင်နေခြင်း
စိတ်ဖိစီးခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်

ရောဂါလက္ခဏာ
ရောဂါဖြစ်နေတဲ့ ခွေးနှင့်ထိတွေ့ခဲ့ပါက ၅ ရက်ကနေ ၁၀ရက်အတွင်းရောဂါလက္ခဏာပေါ်လာပါလိမ့်မယ်
Kennel Cough ကိုခွေးအသက်အပိုင်းအခြားမရွေးဖြစ်နိုင်ပါတယ်
အရမ်းကိုငယ်ရွယ်လွန်းပြီး ၃ လအောက် ခွေးကလေးတွေမှာ ထိုအအေးပါတ်ချောင်းဆိုးရောဂါဖြစ်လျှင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်
အရမ်းကိုအိုမင်းနေတဲ့ ခွေးအကြီးတွေမှာဖြစ်ရင်လည်းစိုးရိမ်ရပါတယ်
၃ လကျော် မှစပြီး အသက်အန္တရာယ်စိုးရိမ်ရနှုန်းနည်းပါးပါတယ်
ထို ရောဂါက တစ်ပါတ်ကနေရက်ပေါင်း (၂၀) လောက်ထိကြာတတ်ပါတယ်
ခွေးလေးတွေချောင်းဆိုတဲ့အသံက ဘဲအော်သလို တဂတ်ဂတ်မြည်သံထွက်ပါတယ်

ကုသပုံ
ထိုရောဂါသည်သူ့ဘာသာ
ပြန်လည်ကောင်းမွန်လာနိုင်သည့်ရောဂါဖြစ်သော်လည်း
အရမ်းကို စိုးရိမ်ရသောအခြေအနေဖြစ်ပါက ကျွမ်းကျင်သော တိရစ္ဆာန်ကု ဆရာဝန်နှင့်ကုသမှုခံယူသင့်ပါတယ်

တိရစ္ဆာန် ဆရာဝန်နှင့်ကုသရန်အလှမ်းဝေးပါက
အောက်ပါနည်းလမ်းများကို မိမိအိမ်တွင် ပြုလုပ်ပေးနိုင်ပါတယ်

၁။ရေနွေးငွေ့ (or) Humidifier ကို တစ်နေ့နှစ်ကြိမ်ရှူခိုင်းလို့ရပါတယ်


၂။ပျားရည်ကိုလက်ဖက်ရည်ဇွန်းတစ်ဝက် တစ်နေ့ နှစ်ကြိမ်တိုက်ကျွေးလို့ရပါတယ်


၃။ကြက်ပြုတ်ရည်တိုက်လို့ရပါတယ်
(အရသာမှုန့်ဆားမထည့်ရပါအပေါ်ဝေ့တက်လာသောဆီကိုခပ်ထုတ်ပစ်ပါ)

ကာကွယ်မှု
ခွေးကလေးတွေကို ကာကွယ်ဆေးအပြည့်အစုံထိုးပေးထားဖို့လိုအပ်ပါတယ်
သံပံသလင်း ကြွေပြားစသော အေးသောနေရာများတွင်
မအိပ်အောင်အထူး သတိထားပေးရပါမယ်
မိမိမွေးထားသောခွေးကလေးမှာ အမွှေးတိုမျိုးစိတ်ဆိုပါက
စွပ်ကျယ်ပုံစံရှိ ခွေးဝတ်အဝတ်လေးတွေ ဝတ်ပေးထားသင့်ပါတယ်
ယခုလိုဆောင်းတွင်းတွင် ရေချိုးပေးခြင်းမျိုးလည်း ရှောင်သင့်ပါတယ်

ကျေးဇူးတင်ပါတယ်

နောင်လည်း တိရစ္ဆာန်လေးတွေနဲ့ပါတ်သတ်တဲ့ ဗဟုသုတတွေ ကျန်းမာရေးအကြောင်းတွေကို အလျင်းသင့်သလိုဖော်ပြပေးမယ့်အတွက်

like and follow လုပ်ပေးကြပါ ခင်ဗျာ

Leave a Reply