ကိုယ်တိုင်ချုပ် Maskလေးတွေကို လိုက်လံဝေမျှနေတဲ့ ကစ်ကစ်

Local News

Stay at Home မှာ Maskလေးတွေကိုယ်တိုင်ချုပ်ပြီး လိုက်လံဝေမျှနေတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်

နာမည်ကြီး မင်းသမီးလေး ဝတ်မှုန်ရွှေရည်တယောက်ကတော့ Stay at Home ကာလမှာ တကယ့်ကို

အကျိုးရှိမယ့်အလုပ်တွေလုပ်ဆောင်နေတာပါ။ ကစ်ကစ်က အိမ်မှာနေရင်း Mask တွေကိုကိုယ်တိုင်ချုပ်နေတာ

ဖြစ်ပြီး ကိုယ်တိုင်ချုပ်ထားတဲ့ Maskတွေကို လိုအပ်တဲ့နေရာတွေမှာလိုက်လံလှူဒါန်းနေပါတယ်။

ကစ်နဲ့ ကစ်ရဲ့ အဖွဲ့သားတွေအားလုံးပေါင်းပြီး မေရီချက်(ပ်) မင်းနားမကြားသောကလေးများကျောင်းကိုလဲ

သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။

နောက်ပြီး ရွှေဂံတိုင်ကလေးပြုစုရေးဌာနကိုလဲ ရွှေကစ်လေးကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

မင်းသမီးလေးကစ်ကစ်ကိုချစ်တဲ့ပရိသတ်တွေအားလုံး ပြန်လည်ဝေမျှေပးသွားကြပါနော်။

Leave a Reply