မန္တလေးမြို့နယ်မှာ သေဆုံးသွားတဲ့ တောင်းရမ်းစားသောက်တဲ့လူတစ်ဦးကို စစ်ဆေးရာမှ ကိုဗစ်ပေါ့စတစ် အ ေဖြထွက်

Local News

မန္တလေးမြို့မှာ သေးဆုံးနေတဲ့ တောင်းရမ်းစားသောက်တဲ့လူတစ်ယောက်ကို တွေ့ရတဲ့အတွက် PPE ဝတ်စုံတွေနဲ့ မန္တလေး ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရာ ကိုဗစ်ပေါ့စတစ်ဟုအဖြေထွက်ခဲ့ပါသည်။ ထို့ကြောင့် မန္တလေး စည်ပင်သာယာနှင့် လူမှုကူညီမှုအသင်းများက အတူတကွ တောင်းရမ်းစားသောက်ကြသော အုပ်စုအတွင်းမှ လူများအား လိုက်လံရှာဖွေရာ ကိုးယောက်တွေ့ရှိခဲ့ပြီး အဆိုပါအုပ်စုတစ်စုလုံးအား ကွာရန်တင်းဝင်ရန် စီစဉ်ခဲ့ပါသည်။ ချမ်းမြေ့သာစည် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှသူတို့က လျှောက်သွားနေကြတဲ့ အိမ်ခြေယာမဲ့တွေဆိုတော့  သူတို့ကို လိုက်လံရှာဖွေရတာ အတော့ကိုခတ်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် မန္တလေးစည်ပင်သာယာအနေဖြင့် လမ်း ပေါ်မှာ လျှောက်သွားနေကြတဲ့ အိမ်ခြေယာမဲ့များ၊ ပန်းရောင်း မုန့်ရောင်း လုပ်ကြသူများအား ပေးကမ်းခြင်း၊ ဝယ်ယူစားသုံးခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါတယ်။ မန္တလေးတိုင်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကိုဗစ်လူနာ စုစုပေါင်း လေးထောင်ကျော်ရှိပြီး သေဆုံးသူ ၂၃ ဦးရှိကာ လက်ရှိဆေးရုံတတ်နေရသူကတော့ တစ်ထောင့်ငါးရာကျော် ရှိတယ်လို့ သိရှိရပါတယ်။ 

Leave a Reply