တိုင်းရင်းသား ကချင် လူမျိုးတို့ရဲ့ ကောက်သစ်စားပွဲတော် အကြောင်း

Local News

မြန်မာနိုင်ငံကြီးဟာ အရောင်အသွေးစုံလင်လှတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေအလိုက် ရိုးရာပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ နေရာဒေသအပေါ်မူတည်ပြီး ကွဲပြားခြားနားလေ့ရှိကြပါတယ်။ အခုဆိုရင်တော့ တိုင်းရင်းသားတွေထဲက တစ်မျိုးဖြစ်တဲ့ ကချင်လူမျိုးတွေရဲ့ ကောက်သစ်စားပွဲတော်နဲ့ ကျေးဇူးတော်နေ့ ချီးမွန်းပွဲ အကြောင်းကို ဓာတ်ပုံလေးတွေနဲ့ ဝေဝေဆာဆာ ဖော်ပြပေးလိုက်ပါတယ်။ (ပုံမှာပါတဲ့ ကချင်မလေး အကောင့်ကိုတော့ လာမမေးနဲ့နော်။ ရိုက်သတ်မှာ။ အဲဒါ မင်မင့်ကောင်မလေး :p) ။ အဆိုပါပွဲတော်ကို နိုဝင်ဘာလမှာ ပုံမှန်ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် မြို့ကြီးတစ်ချို့မှာ ပွဲတော်ကို ကန့်သတ်ပိတ်ပင်တာမျိုးတွေ ရှိပါတယ်။ ကျေးလက်ဒေသမှာတော့ ပုံမှန်ကျင်းပမြဲကျင်းပပြီး အဆိုပါပွဲတော်ရက်ရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို မိုးနတ်မင်း ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်

Leave a Reply