ပျူခေတ်က အသုံးပြုခဲ့သည်ဟုယူဆရသော ရေပူစမ်းတွင်းကို ပြည်မြို့တွင် တွေ့ရှိ

Local News

ပျူခေတ်က အသုံးပြုခဲ့သည်ဟုယူဆရသော ရေပူစမ်းတွင်းကို ပြည်မြို့တွင် တွေ့ရှိ
=================================================
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် သရေခေတ္တရာမြို့ထွန်းကားစဉ် ပျူ ခေတ်ကပင်အသုံးပြုခဲ့သည်ဟု ယူဆရ သော ရေပူစမ်းတွင်းကို ဘုရားကြီးဘုရား အနီးတွင်တွေ့ရှိရကြောင်း

ဒီဇင်ဘာလ ၁၄ ရက်တွင် သတင်းရရှိသည်။
အဆိုပါရေပူစမ်းတွင်းသည် ဘုရား ကြီးဘုရားနှင့် ကိုက် ၃၀၀ အကွာ ဘုရား ၏အနောက်ဘက်တည့်တည့်တွင် တည်ရှိ ခြင်းဖြစ်ကာ အရှေ့နှင့်အနောက်

တွင်း ၂ တွင်းရှိသည့်အနက် အနောက်ဘက်တွင်း မှာ ရေပူထွက်ခြင်းဖြစ်ပြီး အရှေ့ဘက်တွင် ရေအေးထွက်သည်ကို ကိုယ်တိုင်တွေ့ခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သရေခေတ္တရာဌာနစု၊ ကမ္ဘာ့ အမွေအနှစ်ဒေသများဌာနခွဲ ဒုတိယညွှန် ကြားရေးမှူးဦးကျော်မျိုးဝင်းက ပြည်မြန် မာသတင်းဂျာနယ်ကိုပြောသည်။

” ဘုရားကြီးဘုရားရဲ့ဂေါပကက နေပြီး သတင်းပေးတာ။ ကျွန်တော်တို့ အဲဒီမှာ ရှင်းလင်းထားပါတယ်ပေါ့နော်။ လာပြီးတော့ ဟုတ်၊ မဟုတ် လေ့လာတော့ ဟုတ်တယ်။

ပျူခေတ်တည်းက ရေပူစမ်း သဘောမျိုးပေါ့နော်။ ဟန်လင်းမှာလည်း တွေ့တယ်လေ။ ကျွန်တော်ထင်တယ် ဒီဟာတစ်ခုတည်းမဟုတ်လောက်ဘူးထင် တယ်။ ဒီပြင်နေရာမှာလည်း ရှိလောက် တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါတွင်းကို ပြန်လည်ပြုပြင်ကာ ဖော်ထုတ်လိုက်ပါက ပြည်မြို့အတွက် ခရီးလုပ်ငန်းတွင် လေ့လာလည်ပတ်စရာ နေရာတစ်ခု ရလာမည်ဖြစ်ကြောင်း၊

ယခင်က ရပ်ကွက်နေပြည်သူများအနေ ဖြင့် ရေပူစမ်းသဘောမျိုးသာ ထင်ခဲ့ပြီး ယခုအခါ ပျူခေတ်ရေတွင်း ဟုတ်၊ မဟုတ် စစ်ဆေးရန်ပြောသည့်အတွက် စစ်ဆေးသောအခါ မှန်နေသည်ကိုတွေ့ ရကြောင်း ၎င်းကဆိုသည်။
” အနောက်ဘက်တွင်းက ရေပူ ထွက်တယ်။ ကျွန်တော်ကိုယ်တိုင် ဆင်း စမ်းခဲ့တာ။ အရှေ့ဘက်တွင်းကတော့ နည်းနည်း ကန်းသွားပြီပြောတယ်။ ဒါပေ မဲ့ ရေအေးထွက်တယ်။ သူက ပြန်ပြီးတော့ ဆယ်လိုက်ရင် ပြန်ထွက်ရင် ထွက်မှာပေါ့။ ဒါကြီးက ပစ်ထားလိုက်တော့ အမှိုက်ပုံ ကြီးလိုဖြစ်နေတာလေ။ အဲဒါကြီးကို ရပ် ကွက်ကလည်း သန့်ရှင်းရေးလုပ်ပေးထား ပါတယ် ”

ဟု ဦးကျော်မျိုးဝင်းကပြောသည်။
ဓာတ်ပုံ – ဦးကျော်မျိုးဝင်း

Leave a Reply