Dota 2 မှာ နောက်ထပ်ထွက်ပေါ်လာမယ့် hero 2 ကောင်

Local News

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Valve ဟာ update အသစ်ထွက်လာတော့မယ် မြေပုံအသစ် patch အသစ်ထွက်လာတော့မယ်ဆိုပီး Wky ကနေတဆင့် Hints တွေ့ပေးခဲ့ပါတယ်။ ဒိုတာ သမားတွေအတွက်တော့ စိတ်လှုတ်ရှားစရာတစ်ခုဖြစ်ပြီး ဒီ update ကို Mistwood Update လို့နာမည်ပေးထားပြီး Patch အသစ်  hero အသစ်လည်း လာမှာပါ။  ဒီ update ရဲ့ နာမည် mistwood ဟာ အသစ်ထွက်လာမယ့် hero ကို ရည်ရွယ်တာလဲ ဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ အဲ့ဒီဟီးရိုးဟာ Artifact Hero တစ်ကောင်ဖြစ်တဲ့ Solar Khan ကိုရည်ညွှန်းတာဖြစ်နိုင်ပီး သူမဟာ Red Mist Army ရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Dota 2 အတွက် ကျနော်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Hero အသစ်ဟာ အမျိုးသမီးဇတ်ကောင်တဦး ဆိုတာတော့ လုံး၀သေချာပါတယ်။

ဒီ Mistwood ဆိုတဲ့စကားလုံးထဲက Mist ဆိုတာဟာ Dota 2 ရဲ့ Card Game တခုဖြစ်တဲ့ Artifact ထဲက Sorla Khan ကိုညွှန်းတယ်ဆိုပြီး မှန်းဆမှုတွေရှိနေပါတယ်။ Red Mist Army လို့ခေါ်တဲ့ Axe တို့ရဲ့ Clan ကို သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ Sorla Khan ဟာ Oglodi မျိုးနွယ်စုထဲကဖြစ်ပြီး Axe နဲ့ Disruptor တို့တွေပါဝင်တဲ့ မျိုးနွယ်စုပါ။ တချို့ heros တွေရဲ့ စကားပြောတဲ့ Voice line တွေမှာ Sorla Khan နဲ့ပတ်သတ်တာတွေပါပါတယ်။ အောက်မှာ ဖော်ပြပေးထားပါတယ်

Dark Willow response: You’re much more reasonable than Sorla.

Pangolier response: I apologize for lumping you in with the Red Mist Horde… you’re nothing like Sorla Khan.

Pangolier response: After fighting Sorla Khan, you are a sorry disappointment…

Call of the Bladeform Legacy (Juggernaut Arcana): Axe, when this battle is over, we must discuss what to do about Sorla Khan.

Feast of Abscession response (Pudge Arcana): Sorla can have your skin. But that meat’s mine.

ဒီ Voice Line တွေအားလုံးဟာ Sorla Khan ရဲ့ Power တွေနဲ့ သန်မာမှုတွေကို ညွန်းဆိုနေပါတယ်။

နာမည်ကျော် Dota 2 လေ့လာသုံးသပ်သူ နှစ်ဦးဖြစ်တဲ့ SUNSfan နဲ့ syndereN တို့ဟာလည်း သူတို့ရဲ့ Podcast မှာ ဒါဟာ Sorla Khan ကိုညွန်းတယ်ဆိုပြီး ပြောခဲ့ကြပါတယ်။

သူမအပြင် redditor တွေအနေနဲ့ ရှာဖွေတွေ့ရှိထားတဲ့အချက်တွေရှိနေပါသေးတယ်။ data miner တွေအဆိုအရ Valkyrie ဆိုတဲ့ Hero အတွက်လည်း File တွေ ရှိပြီးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ခဲ့တဲ့သတင်းတွေအရဆိုရင် Dota 2 Underlord မှာပါတဲ့ Puppet Master ဆိုတဲ့ Hero ကိုလည်း Data တွေထဲမှာ တွေ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Valve ရဲ့ Diretide Trailer ထဲမှာလည်း ဒူလေးကိုင်ထားတဲ့ hero အသစ်တကောင်ကို အမြည်းပြထားပေးသေးပါတယ်။

Sunsfan ဟာ သူ့ရဲ့ podcast မှာ Valve ဟာ Heros အသစ်ထုတ်တိုင်း နှစ်ကောင်ထုတ်လေ့ရှိတယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့်ကျနော်တို့ဟာ သောကြာနေ့မနက်အစောကြီးမှာ နောက်ထပ် Heros အသစ် နှစ်ကောင် ကို တွေ့ရဖို့ရှိနေပါတယ်။ နောက်ထပ်မျှော်စရာကတော့ Spectre Arcana လည်းရှိနေပါသေးတယ်။ ကျနော်တို့အားလုံး အတူတူစောင့်ကြည့်ရအောင်လားဗျာ။

Leave a Reply