အိမ်ထောင်ရေးဖောက်ပြန်သည့်ဇနီးက အငယ်အနှောင်းနှင့်ပူးပေါင်း၍ ခင်ပွန်းကိုthetဖြတ်အလောင်းဖျောက်မှု စဉ့်ကိုင်တွင်ဖြစ်ပွား

Local News
အိမ်ထောင်ရေးဖောက်ပြန်သည့်ဇနီးက အငယ်အနှောင်းနှင့်ပူးပေါင်း၍ ခင်ပွန်းကိုthetဖြတ်အလောင်းဖျောက်မှု စဉ့်ကိုင်တွင်ဖြစ်ပွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ရေးဖောက်ပြန်သည့်ဇနီးက အငယ်အနှောင်းနှင့်ပူးပေါင်း၍ ခင်ပွန်းကိုthetဖြတ်အလောင်းဖျောက်မှု စဉ့်ကိုင်တွင်ဖြစ်ပွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်သည့်ဇနီးက အငယ်အနှောင်းနှင့်ပူးပေါင်း၍ ခင်ပွန်းကိုthetဖြတ်အလောင်းဖျောက်မှု စဉ့်ကိုင်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်ရေးဖောက်ပြန်နေသည့် ဇနီးက ခင်ပွန်းသည်ကို thetဖြတ်ပြီး အလောင်ဖျောက်မှု မေလ ၄ ရက်နေ့ကဖြစ်ပွားခဲ့သည်။
စဉ့်ကိုင်မြို့နယ်၊ မီးသွေးဖုတ်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးကျေးရွာရှိ ပဲတီစိမ်းစိုက်ခင်းအနီး မီးလောင်ထားသည့်မော်တော်ယာဉ်တစီးပေါ်တွင် ရုပ်အလောင်းတခုကို မေလ ၄ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ပြီး စစ်ဆေးရာတွင်thayဆုံးသူမှာ စဉ့်ကိုင်မြို့နေ စားသောက်ဆိုင်ပိုင်ရှင် အသက် (၃၆) နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက ဇနီးဖြစ်သူနှင့် စားသောက်ဆိုင်လုပ်သားတဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ရာတွင် thayဆုံးသူ ကို — သည် နေအိမ်တွင် ဇနီးသည် မ —-အိမ်ထောင်ရေးဖောက်ပြန်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်နေစဉ် နေအိမ် အိပ်ခန်းအတွင်း ပုန်းအောင်နေသည့် စားသောက်ဆိုင်လုပ်သား မောင် — ထွက်လာပြီး ကို — ကို ဓားမြှောင်ဖြင့် ထိုးthetခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်။

ကို — သည် ဓားဖြင့်ထိုးခံရမှုကြောင်း ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၂ ချက်ရရှိပြီး thayဆုံးသွားခဲ့ကြောင်း၊ အလောင်းကို ဇနီးဖြစ်သူက ကားပေါ်တင်မောင်းနှင်ပြီ မောင် — က Scoopy ဆိုင်ကယ်ဖြင့်နောက်မှလိုက်ပါ၍ အလောင်းတွေ့ရှိသည့်နေရာတွင် ကားကိုမီးရှို့ကာ အလောင်းကိုဖျောက်ဖျက်ခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။

ရေးသားသူ – Thi Ha Thu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။