မိမိကိုယ်ကို လည်လွန်းပီထင်နေပါသလား။ အိန္ဒိယမှာ ဒီလိုလူတွေ ရှိပါသေးတယ်။

Local News

အိန္ဒိယဝန်ကြီးချုပ်၏ ရုံးခန်းကြီးကို အိမ်ကြီးရခိုင်အဖြစ် ဖော်ပြကာ OLX ဆိုသည့် ဝက်ဘ်ဆိုက်ဒ်ပေါ် တင်ရောင်းသည့် လူလေးဦး ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်သတင်းက ဆိုသည်။ အဆိုပါအိမ်ကြီးတွင် အိပ်ခန်းလေးခန်းနှင့် ရေးချိုးခန်း၊အိမ်သာ တွဲလျက် လေးခန်းပါသည်ဟု ကြော်ငြာတွင် ဖော်ပြထားသည်။ 

၎င်းတို့က အထက်ပါအဆောက်အအုံကြီးကို ဒေါ်လာ တစ်သန်းဝန်းကျင် ဈေးခေါ်ထား သည်။ ထို့ပြင် ထို အဆောက်အအုံ ဓာတ်ပုံများနှင့် အဆောက်အအုံ၏အသေးစိတ်အချက် အလက်များကိုလည်း ဝက်ဘ် ဆိုက်ဒ်တွင် ဖော်ပြထားသေးသည်။ ထိုကိစ္စနှင့်ပတ်သက်ကာ အဆိုပါလူများကို စစ်ဆေးမေးမြန်းနေပြီး ထိုလူလေးဦးထဲတွင် အထက်ပါအဆောက်အအုံကို ဓာတ်ပုံလာရိုက်သူလည်းပါသည်ဟု သိရသည်။ 

အဆိုပါအိမ်ကြော်ငြာ အွန်လိုင်းတွင် ပလူပျံသွားပြီးနောက်တွင်မှ ရဲတပ်ဖွဲ့က သတိထားမိ သွားခြင်းဖြစ် သည်။ ယင်းကြော်ငြာကို ချက်ချင်း ဖျက်ပစ်လိုက်ပြီဖြစ်ပြီး ထိုအမှုကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထိုအိမ်ကြီးတွင် အိပ်ခန်းလေးခန်း၊ ရေချိုးခန်းအိမ်သာ လေးခန်း ပါပြီး ပရိဘောဂ အစုံအလင် ပါပြီး သားဖြစ်ကာ အဆင်သင့် တက်နေရုံဟု ကြော်ငြာတွင် ဖော်ပြထားသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Leave a Reply