ကွမ်းသီးစိတ်တွေရဲ့ပြုလုပ်ပုံနဲ့ ကွမ်းအန္တရာယ်

Knowledge Local News
ကွမ်းသီးစိတ်တွေရဲ့ပြုလုပ်ပုံနဲ့ ကွမ်းအန္တရာယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကွမ်းသီးစိတ်တွေရဲ့ပြုလုပ်ပုံနဲ့ ကွမ်းအန္တရာယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကွမ်းသီးစိတ်တွေရဲ့ပြုလုပ်ပုံနဲ့ ကွမ်းအန္တရာယ်

ရေစိမ်ပြီး စိတ်ထားတဲ့… ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့် (ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့် ရိုက်တယ်လို့ ခေါ်ပါတယ်။
ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။

အဲဒီအခါမှာ နဂိုကခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။
ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။

အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။
အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။

ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။

မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။
ဒါက မန်းလေးက.. ဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။

(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)

ရေးသားသူ –Yi Mon May

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။