ကွာရတင်းဝင်နေရသူ ဘာသာခြားကို ဝက်သားထမင်းဘူးနဲ့ ဟာလာထမင်းဘူး မှားပေးမိတဲ့ဖြစ်ရပ်

Local News

ကွာရတင်းဝင်နေရသူ ဘာသာခြားကို ဝက်သားထမင်းဘူးနဲ့ ဟာလာထမင်းဘူး မှားပေးမိတဲ့ဖြစ်ရပ်

ယခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ ကွာရတင်းဝင်နေရသူ ဘာသာခြားကို ဝက်သားထမင်းဘူးနဲ့ ဟာလာထမင်းဘူး မှားပေးမိတဲ့ဖြစ်ရပ် ပဲဖြစ်ပါတယ်။

မိုက်ရိုင်းလွန်းအားကြီးသွားပြီ 😡😡😡

ကျနော်တို့ရဲ့ ထိုက်တန်သူ ပရဟိတ လူမှုကူညီဆောင်ရွက်ရေး အဖွဲ့ ဟာ ယခု ကိုဗစ်ကာလမှာ မန္တလေးမြို့နယ်နှင့် တိုင်းဒေသကြီးအတွက် နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုး လျှော့ကျစေရေးကို မျှော်ကိုးပြီး

မိမိဆုံးဖြတ်ချက်ဖြင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန်သိစွာဖြင့် ကိုဗစ် သံသယလူနာဆောင်၊ Qစင်တာ နှင့် ကုသဆောင်တွေမှာ လူမျိုးဘာသာမခွဲခြားဘဲ မည်သူ့ကိုမဆို အစားသောက် အဆင်ပြေရန်အတွက်

တတ်နိုင်တဲ့ ငွေအင်အား လူအင်အား အနည်းငယ်ဖြင့် ဝင်ရောက် ထမ်းရွက် ကူညီနေကြတဲ့ အညတရအဖွဲ့ တစ်ခု ဖြစ်ပါသည်။

၁၆.၁၂.၂၀၂၀. ရက်နေ့ ညနေ ၄ နာရီ ၃၀မိနစ် အချိန်တွင် ကျနော်တို့ ထိုက်တန်သူ ညီနောင်များ (Halal Food) အစားသောက်စီစဉ်ရေး အဖွဲ့ အနေဖြင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး ကိုဗစ်သံသယ ကုသဆောင်များတွင် တက်ရောက်ကုသနေကြသော

အစ္စလာမ်ဘာသာဝင် လူနာများအတွက် အစားအသောက်များကို စီစဉ်ချိတ်ဆက်၍ ဆေးရုံကုသဆောင် တာဝန်ခံများထံတွင် လက်ရောက် ပေးအပ်ခဲ့ကြပါသည်၊၊

ညပိုင်း ၉နာရီ အချိန်တွင် လူနာများက ကျနော်တို့ အသင်းတာဝန်ခံထံသို့ ဖုန်းဆက်၍ အစားသောက်များ ရောက်မလာ သေးကြောင်း ဖုန်းဆက် ပြောလာ၍ ထိုတာဝန်ခံမှ ဆေးရုံတာဝန်ရှိသူထံ ဖုန်းဆက်၍မေးသောအခါ ယခု ပို့ပေးလိုက်ပါမည်ဟု ပြောဆိုပါသည်။

၎င်းနောက် ဆယ်မိနှစ် အကြာတွင် ကျနော်တို့အဖွဲ့ တာဝန်ခံမှ လူနာအား အစားအသောက်ရောက်လာပြီ လားဟု ဖုန်းဆက်မေးသောအခါ ယခုတင် လာပို့သွားပါပြီဟု ပြောပါသည်။

ထိုအချိန်တွင် ကျနော်တို့ အဖွဲ့ တာဝန်ခံ မှ ဘာဟင်းလဲ ဘာထမင်းလဲဟု မေးသောအခါ လူနာဘက်မှ ရိုးရိုးထမင်းဖြူ(ကျနော်တို့ အဖွဲ့ ပို့လိုက်သော ထမင်းမှာ ဟာဂျီ ဦးအောင်မြင့် ချက်ပြုတ်သော ပဲထမင်းဖြစ်ပါသည်) အသားဟင်း လို့ ပြောသော အခါ ကျနော်တို့အဖွဲ့ တာဝန်ခံမှ မသင်္ကာ၍
ထို ထမင်းဘူး ကို လူနာရှင်အား ဓာတ်ပုံရိုက်ပြခိုင်း၍ Cb မှ ပို့ပေးပါရန် ပြောသောအခါ လူနာရှင်ဘက်မှ ပြသော ထမင်းဘူးဟာ ကျနော်တို့ အဖွဲ့ ပို့လိုက်သော ထမင်းဘူးနှင့်လုံးဝကွဲလွဲနေပါသည်။

ပုံမှာပြသောထမင်းဘူးဟာ ရိုးရိုးထမင်းဖြူ နှင့် ဝက်သားဟင်း ဖြစ်နေ၍ လူနာရှင်အား ထို ထမင်းဘူး ကို မစားရန် ပြောကြား၍ (ထမင်းဘူးတိုင်းတွင် Halal Food တံဆိပ် တပ်ထားပါသည်)

ကျနော် တို့ ထိုက်တန်သူ.Halal Food အဖွဲ့ မှ အစားအသောက်တခုကို အရေးပေါ်စီစဉ်ဆောင်ရွက် ၍ ဆေးရုံကြီးသို့ ထပ်မံ၍ အချိန်မီ သွားရောက် ပို့ဆောင် ပေးခဲ့ရပါသည်။

နိုင်ငံသားကောင်းစိတ်နဲ့ တာဝန်သိတတ်မှုစွာ အလိုက်သတိ ဝန်ထမ်းနေကြတဲ့ ပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ ယုံကြည်အပ်နံမှုတခု ကို အစိုးရ လခစား ဝန်ထမ်း တာဝန်ခံများအနေဖြင့် ယခုလိုယုံကြည်အပ်နှံမှု အလွဲသုံးစားလုပ်ရုံမက

အင်မတန်ထိရှလွယ်သော ဘာသာရေးအရ ပြစ်မှုတခုကို သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ကျူးလွန်ခဲ့ကြသူများအား ထိရောက်စွာ အရေးယူပေးပါရန်

#ထိုက်တန်သူ ပရဟိတအဖွဲ့ ကိုယ်စား တာဝန်ရှိသူ လူကြီးမင်းများထံ တင်ပြအပ်ပါသည်။

အထက်ပါအကြောင်းကိစ္စရပ်များအားလုံးကို
ကျနော် Zaw Zaw Naing. MDY.35.75.76. ph 0943175081.က တာဝန် အပြည့်အဝ ယူပါသည်။

Credit Kozaw Kozaw Zawzaw

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply