ကိုဗစ်ကာကွယ်ဆေး လက်တလော အခြေအနေ

Local News

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁.၅ သန်းကျော်ရှိပြီး နေ့အလိုက် ထောင်နှင့်ချီ၍ သေဆုံးနေသောကြောင့် ဗိုင်းရပ်စ်ကာကွယ်ဆေး ထွက်လာရန် လူအများက မျှော်လင့်နေကြသည်။ ဗြိတိန်နိုင်ငံတွင် ကိုဗစ်ရောဂါကာကွယ်ဆေး ကိုစမ်းသက်ထိုးနှံလျက်ရှိရာ အောက်ပါ အချက်အလက်များကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံတွင် Pfizer/BioNTech တို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခဲ့သည့် လူနှစ်ဦး၌ ဓာတ်မတည့်မှုများ ခံစားခဲ့ရသည်။ ထို့ကြောင့် ဗြိတိန်ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက ပြင်းထန် ဓာတ်မတည့်သည့် ရာဇဝင်ရှိသူများသည် ဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးနှံသင့်ကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ပြင်းထန် ဓာတ်မတည့်ရာဇဝင် ရှိသူများဖြစ်၍ adrenaline autoinjectors များ ဆောင်ထားရသူများ ဖြစ်ကြသည်။

ပျမ်းမျှ ဗိုင်းရပ်စ်ကာကွယ်ဆေး သန်းနှင့်ချီ၍ ထိုးနှံခဲ့ပြီးနောက် တစ်ရာခိုင်နှုန်းအောက်၌ ပြင်းထန် ဓာတ်မတည့်မှုများ ကြုံတွေ့ခဲ့ရခြင်းသည် ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြင်းထန် ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးသည်ကို တွေ့ရှိနိုင်ပေသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ဓာတ်မတည့်မှု ကြုံတွေ့သူ အများစုသည် အမှန်တကယ် ဓာတ်မတည့်မှုကို ကြုံတွေ့ရခြင်း မဖြစ်နိုင်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသူများက လူတစ်ဦးချင်းစီတိုင်းကို ကာကွယ်ဆေးမထိုးနှံမီ ဆေးကုသမှုရာဇဝင်ရှိ၊ မရှိ၊ ကာကွယ်ဆေး သို့မဟုတ် ၎င်း၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်မှု ရှိ၊မရှိ စစ်ဆေး မေးမြန်းလေ့ ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ၁၅ မိနစ်ထက်မနည်း လူနာများအား စောင့်ကြည့်လေ့ရှိပြီး ပြင်းထန် ဓာတ်မတည့်မှု ဖြစ်စဉ်များသည် ၁၅ မိနစ်အတွင်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

သြစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပါအဝင် ကာကွယ်ဆေး အားလုံးကို ထိုးနှံပေးမည့် နေရာများ၌ ဓာတ်မတည့်မှု ဖြစ်ပေါ်လာလျင် ကုသပေးနိုင်ရန် လိုအပ်သော ကိရိယာများနှင့် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများအား တာဝန်ချထားသည်။

လူများသည် အစားအစာများနှင့် ဆေးဝါးများ အပါအဝင် အရာဝတ္ထုအများအပြားနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်ပါတယ်။ အကယ်၍ ဗိုင်းရပ်စ်ကာကွယ်ဆေး ပြုလုပ်မှုတွင် ပါဝင်သော ပစ္စည်းတစ်မျိုးမျိုး နှင့် ဓာတ်မတည့်ဟု ယူဆလျှင် ဗိုင်းရပ်စ်ကာကွယ်ဆေးကို မထိုးနှံသင့်ကြောင်း ကျန်းမာရေး အာဏာပိုင်များက အကြံပြုထားသည်။

Pfizer/BioNTech တို့၏ ဗိုင်းရပ်စ် ကာကွယ်ဆေး၌ ပါဝင်သော ပစ္စည်းများတွင် ဓာတ်မတည့်မှုများကို ဖြစ်ပေါ်စေနိုင်သည့် ပစ္စည်းများ မပါဝင်ဘဲ ပါဝင်ပစ္စည်း အသေးစိတ်စာရင်းအား ဗြိတိန်ဆေးဝါး ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ပြင်းထန် ဓာတ်မတည့်မှုကို ခံစားရသူ နှစ်ဦးရှိသည့်အတွက် ယင်းကာကွယ်ဆေးကို ဓာတ်မတည့်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက သုံးသပ် လေ့လာသွားမည် ဖြစ်သည်။

အကယ်၍ ၎င်းတို့ နှစ်ဦးသည် အမှန်တကယ် ပြင်းထန် ဓာတ်မတည့်မှုကို ခံစားရကြောင်း တွေ့ရှိလျင် သူတို့ နှစ်ဦးလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေး ဒုတိယတစ်လုံး ဆက်လက် ထိုးနှံပေးသွားမည် မဟုတ်ပေ။

သို့သော် အချို့အခြေအနေများတွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးနောက် ဓာတ်မတည့်မှု ခံစားရသူအား အထူးနည်းလမ်းများအား အသုံးပြု၍ ဒုတိယကာကွယ်ဆေးအား ထိုးနှံနိုင်ဖွယ် ရှိသည်။

Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးအား တတိယအဆင့် စမ်းသပ်ရာ၌ ဓာတ်မတည့်မှု ရာဇဝင်ရှိသူများ သို့မဟုတ် ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မပါဝင်ပေ။

ယင်းကဲ့သို့ မပါဝင်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူများအား ဘေးကင်းလုံခြုံမှု ရှိစေရန် ကြိုတင်ကာကွယ်ထားခြင်းကြောင့် ဖြစ်သည်။ ကာကွယ်ဆေး စမ်းသပ်ရာတွင် ဆေးကုသမှု ရာဇဝင်မရှိသည့် ကျန်းမာသူများအား အဓိကရည်ရွယ်၍ စမ်းသပ်ခဲ့ကြသည်။

သို့သော် Pfizer ၏ ဗိုင်းရပ်စ်ကာကွယ်ဆေး ဒုတိယနှင့် တတိယအဆင့် စမ်းသပ်မှုတွင် တည်ငြိမ်နေသော နာတာရှည်ရောဂါ ခံစားနေရသူများအား ပါဝင်စမ်းသပ်ခွင့် ပြုခဲ့သည်။

လက်ရှိ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ပြင်းထန် ဓာတ်မတည့်မှုများ ဖြစ်ပေါ်နေခြင်းသည် အမှန်တကယ် ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်း ဟုတ်၊ မဟုတ် ကောက်ချက်ချရန် စောလွန်းနေသည်။

လူများသည် ကာကွယ်ဆေး ထိုးနှံပေးသူများနှင့် ဆေးကုသမှု ရာဇဝင်နှင့် ဓာတ်မတည့်မှု ရာဇဝင်ရှိ၊ မရှိ ဆွေးနွေးသင့်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရာတွင် ဆိုးကျိုးများနှင့် အကျိုးကျေးဇူးများအား ထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးသည်။

Leave a Reply