ရွေးကောက်ပွဲရလဒ်ဆန့်ကျင်ဘက်ထွက်မည်ဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြောဆိုမှုအပြီး နာရီပိုင်းအကြာ တပ်က မဲစားရင်းကွာဟချက် ထုတ်ပြန်

Local News

ပြည်သူ့ဆန္ဒအမှန်မဟုတ်တဲ့ ၊ တရားမဲ့ရယူထားတဲ့ရလာဒ်ဆိုရင်တော့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ထွက်မယ်လို့ ကြံ့ခိုင်ရေး ဥက္ကဌ ဦးသန်းဌေး က ၎င်းရဲ့လူမှုကွန်ယက်ကတစ်ဆင့် ပြောဆိုမှုအပြီး နာရီပိုင်း အကြာမှာ တပ်မတော်က ရွေးကောက်ပွဲ  မဲစားရင်းကွာခြားချက် တွေကို ဒီနေ့ထုတ်ပြန်လာပါတယ်။

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်လောက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိစစ်မှုတွေ ပြုလုပ်နေပြီး ပြောသင့် ပြောထိုက်တဲ့ အချိန်မှာ ပြောသင့်ပြောထိုက်သည်များကို ပြောနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်က စိစစ်တဲ့ မြို့နယ် ၄မြို့နယ်ရဲ့ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း ၇သောင်းခွဲနီးပါးကို ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၃၁မှုကို ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်လို့သိရပါတယ်။

Leave a Reply