တပ်မတော်နဲ့ အတူ ရပ်တည်ကြောင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော်

Local News

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို လေးစားလိုက်နာပြီး ကာကွယ် စောင့်ရှောက်ရာမှာ အဓိက တာဝန် ရှိတဲ့ တပ်မတော်နဲ့ အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ခုကို “အခြေခံလူတန်းစား မျိုးချစ်ပြည်သူများ” ဆိုပြီး ဆိုင်းဘုတ် ကိုင်ထားတဲ့ လူအုပ်စု တစ်စုက ဒီဇင်ဘာလ၂၈ ရက် ဒီနေ့ မွန်းလွဲ(၂)နာရီ မှာ  ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စီတန်းလှည့်လည် ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ ကိုင်ဆောင်ထား ဆိုင်းဘုတ်တွေမှာ ရွေးကောက်ပွဲ ကိစ္စ ဝေဖန် ထားတာတွေကို တွေ့ရသလို တပ်မတော်အကြီးအကဲ ဓာတ်ပုံကို ကိုင်ဆွဲထားသူတွေကိုလည်း တွေ့ရပါတယ်။ 

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒပြသူများက တပ်မတော်နှင့်အတူ ရပ်တည်ကြောင်း၊ ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးရန် တောင်းဆိုကြောင်း ကြွေးကျော်သံများနှင့် အတူစီတန်းလှည့်လည်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူ အင်အားကို လူ ၂၀ ကျော်သာ တရားဝင်ခွင့်ပြုချက် တင်ထားသော်လည်း ဝန်းရံသူများအဖြစ် လူများစွာ ပါဝင်ခဲ့ကြသည်။ဆန္ဒထုတ်ဖော်သူများက သမ္မတရုပ်ရှင်ရုံဘေးမှ မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်အထိ လမ်းလျှောက်ကာ ကြွေးကြော်ခြင်း ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

Leave a Reply