ကရဝေးရွက် ယတြာကြီး

Astrology
ကရဝေးရွက် ယတြာကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကရဝေးရွက် ယတြာကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကရဝေးရွက် ယတြာကြီး

ရက်ကြိုတင်ပေးတာပါ။
ငွေအများကြီး အလုံးအရင်းနဲ့ ဝင်မည့် ယတြာ‌တစ်ခု တင်ပေးပါရစေ။
8-10-23 တနင်္ဂနွေနေ့ မနက် 9နာရီတိတိမှ 10နာရီ30မိနစ်တိတိအတွင်း ကရဝေးရွက် သန့်သန့်လေးရဲ့ အချောဖက်ကလေးမှာ အင်္ဂလိပ်ဂဏာန်း 256 ကို အနီရောင် မင်နဲ့ အစဉ်အလိုက်ရေးပြီး ငွေ 10000 ကျပ်တန်(နိုင်ငံခြားမှာ နေသူများအနေနဲ့ မိမိနေတဲ့နိုင်ငံက ငွေကို သုံးကြပါ) တစ်ရွက်ထဲထည့်၍ ခေါက်လိုက်ပါ။
ကရဝေးရွက် အဆိုလုံးဝ မသုံးကြပါနဲ့။ အရွက်ခြောက်ကိုသာ သုံးကြပါ။****
ပြီး မိမိရဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားကြပါ။

အဲဒီငွေကို မသုံးမိပါစေနဲ့နော်။
အဲဒီဟာလေးတစ်ခုထဲကိုဘဲ ၂၅ ရက်တိတိ ဆောင်ထားရမှာပါ။ အဲဒီ ၂၅ရက်အတွင်း ငွေတွေ အများကြီး အကြောင်းအမျိုးမျိုးနဲ့ နေရာပေါင်းစုံက ဝင်လာတာကို တွေ့ကြရမှာပါ။

၂၅ ရက်ပြည့်ရင်တော့ ကရဝေးရွက်လေးကို ရေရှင်မှာမျောပါ။ ရေရှင်အဆင်မပြေရင် ညောင်ပင်တစ်ပင်အောက်မှာ စွန့်ပစ်ပါ။
ငွေတစ်သောင်းကျပ်ကိုတော့ သံဃာတစ်ပါးပါးကို ကပ်လှူပေးပါ။
အမြဲတမ်း လုပ်လို့မရပါဘူး ။
သူ့ရက်နဲ့သူသာ လုပ်လို့ရပါတယ် ခင်ဗျ။
စိတ်ချမ်းမြေ့စွာ ငွေဝင်ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။