သဲသောင်ပြင်ပေါ်က ဂျယ်လီနှင့်တူသော အိတ်များကို မဖျက်ဆီးမိရန် သတိပြု

Local News

သဲသောင်ပြင်ပေါ်က ဂျယ်လီနှင့်တူသော အိတ်များကို မဖျက်ဆီးမိရန် သတိပြု

…………………………………………

ဩစတြေးလျှနိုင်ငံ ကမ်းခြေအချို့ရှိ သဲသောင်ပြင်များပေါ်တွင် တက်လာသည့် ဂျယ်လီနှင့်တူသော အိတ်များကို မဖျက်ဆီးမိအောင် သတိပြုရန်နှင့် ပုံမှန်မဟုတ်သော လခြမ်းပုံစံ ပုံသဏ္ဍာန် ကလေးများထဲတွင် သားလောင်းများ ထောင်နှင့်ချီကာ ပါရှိနေပြီး ထိခိုက်မိလျှင် အလွန်ပြိုကွဲ သွားနိုင်ကြောင်း သတိပေးထားသည်။

လူအများစုက သူတို့ကို ဂျယ်လီငါးဟု ထင်ကြသော်လည်း အမှန်တကယ်တွင် သဲခရုများ၏ ဥအိတ်များ ဖြစ်နေသည်။

သူတို့သည် နွေဦးရာသီတွင် ကမ်းခြေများ၌ စတင်တွေ့ရပြီး ယေဘုယျအားဖြင့် မတ်လအထိ တွေ့ရတတ်သည်။ အွန်လိုင်း စာမျက်နှာများတွင် ဂျယ်လီငါးအဖြစ် မှားယွင်းစွာ ဖော်ပြခဲ့သည်။

သဲခရုများ၏ ဥအိတ်များသည် အရှည် ၅ စင်တီမီတာခန့်ရှိပြီး ၁၀ စင်တီမီတာ အထိလည်း တွေ့ရတတ်သည်။ အလေးချိန်အားဖြင့် ၂၀၀ ဂရမ်မျှ လေးသည်။

ခရုအမ များသည် ညဥ့်အခါ၌ ဥများကို ဥချကြပြီး ချွဲနှင့်သဲ ပေါင်းစပ်ကာ ဆွဲထားသော မျဉ်းကြောင်းတစ်ခုတွင် တန်းစီ ဥထားခဲ့သည်။ ဥအိတ် တစ်အိတ်လျှင် ခရုဥပေါင်း ထောင်ပေါင်းများစွာ ပါဝင်သည်။

ဥအိတ်သည် ရက်အနည်းငယ် အကြာတွင် ရေထဲကျသွားပြီးနောက် ဥများမှ သန္ဓေသားလောင်းကို မွေးထုတ်ပေးလိုက်လေသည်။

CSIRO ဝက်ဘ်ဆိုက်က “ အကယ်၍ သင်ရှာတွေ့ခဲ့လျှင် အချင်းချင်း ပစ်ပေါက် ကစားခြင်း မပြုရန်နှင့် ရေထဲသို့ ညင်သာစွာ ပြန်ထည့်ထားပေးရန် တိုက်တွန်းထားသည်။

Source : မင်းသုတဟန်

၀၆.၀၁.၂၀၂၁
Ref; Daily Mail

ChannelKeyMyanmar

Leave a Reply