မြိတ်တွင်နေထိုင်တဲ့ကုန်တင်ယာဥ်မောင်းတစ်ဦး ပျောက်ဆုံးနေ

Local News

မြိတ်တွင်နေထိုင်တဲ့ကုန်တင်ယာဥ်မောင်းတစ်ဦး ပျောက်ဆုံးနေ
=-=-=-=-=-=
9 , 1 , 2021

မြိတ်မြို့ ၊ကလွင်ကျေးရွာအုပ်စု ၊ပုလဲဒီပါရပ်တွင်နေထိုင်တဲ့ ကိုနန်းကိုကို ၄၇ နှစ်၊ သည် ၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ ၂၈ ရက်နေ့

ကတည်းက မိသားစုနဲ့အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်းသိရပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် ကုန်တင်ယာဥ်မောင်းများ မိသားစုထံပြန်ခွင့်မရဲပဲ ဖုန်းဖြင့်သာ ဆက်သွယ်ရတာပါ ။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မြိတ်မှ ရန်ကုန်သို့ ထွက်ခွာသွားတယ် ။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ဘက်အထိ

ဖုန်းနဲ့အဆက်အသွယ်ရပါသေးတယ်။ အဲဒီနောက်ပိုင်း အဆက်အသွယ်မရတော့တာကြောင့်

သူနဲ့ပတ်သက်တဲ့သူတွေထံလိုက်လံစုံစမ်းပေမယ့် အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်း ၎င်းရဲ့ မိသားစုဝင်ကပြောပါတယ် ။

ကိုနန်းကိုကို ပျောက်ဆုံး မှုနဲ့ပတ်သက်ပြီး ၎င်း ရဲ့ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက မြိတ်မြို့မရဲစခန်းတွင်

လူပျောက်တိုင်ကြားထားကြောင်းသိရပါတယ်။

မိတ်ဆွေတို့အနေဖြင့် ပုံပါအမျိုးသားအားတွေ့ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးပါရန်

အကူအညီတောင်းခံအပ်ပါတယ်။

ဆက်သွယ်ရန် ~
ဖုန်း- 09 450 589 122

 

Source : မြတ်ထွဋ် (မြိတ်) Facebook

Plz Like & Share

Leave a Reply