R ဇာနည်နဲ့ အကျိုးတူဖွင့်လှစ်ထားတဲ့ ရေကစားကွင်းကြီးရဲ့ ဆုံးရှူံးမှုတွေကို ပြောပြလာတဲ့ ရန်ရန်ချန်း..

Local News

အဆိုတော် ရန်ရန်ချမ်းကတော့ ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်လာခဲ့သူဖြစ်ပြီး တကယ်တော်လို့ အားလုံးက လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ရန်ရန်ချမ်းက “The Voice myanmar” သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတဲ့ ရန်ရန်ချမ်းက သူချစ်ရတဲ့မိသားစုလေးကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးနေတာလည်း ဖြစ်ပါတယ်

ရန်ရန်ချမ်းကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း များပြားတာကြောင့် သူ့အနေနဲ့ အောင်မြင်မှုတွေဆက်လက်ရရှိနေတာ ဖြစ်ပါတယ် ။ ရန်ရန်ချမ်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်သလို ကိုယ်ပိုင်စီးပွားရေးမှာလည်း အာရုံစိုက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

အခုလည်း ရန်ရန်ချမ်းက သူနဲ့ R ဇာနည်တို့ဖွင့်လှစ်ထားတဲ့ “Aqua Village Water Park ” က အခုချိန်မှာ ဆုံးရှုံးမှုတွေနဲ့ကြုံနေရကြောင်း လက်ရှိအခြေအနေလေးကို ပြသလိုက်တာ ဖြစ်ပါတယ် ။

ရန်ရန်ချမ်းကလူတွေမြင်နေရတဲ့ ကိုယ့်အလုပ်က တက်ကြွပျော်ရွှင်ရတဲ့ အလုပ်မျိုးလုပ်သူပေါ့ လူတွေမမြင်ရတဲ့ ကိုယ်တွေရဲ့ဆုံးရှုံးမှုတွေကအဲ့မှာမြင်တဲ့အတိုင်းပဲ ဧကချီတဲ့ကစားကွင်းကြီးပိုင်တဲ့သူမဟုတ်သလို ဂျုံရုပ်လုပ်ရောင်းတဲ့သူလည်းမဟုတ်ပြန်တော့ အစိုးရကကူတဲ့လုပ်ငန်းရှင်စာရင်းမှာလည်းမပါဘူးဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။

တစ်ချိန်ကကြက်ပျံမကျစည်ကားခဲ့တဲ့ ရေကစားကွင်းကြီးကို အခုလိုမြင်တွေ့ရတဲ့အတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကဲ ရန်ရန်ချမ်းကိုယ်တိုင်ရိုက်ကူးပြီး တင်ပေးထားတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply