စျေးသည်အချို့ က ၄င်းတို့၏ပစ္စည်းဝယ်ရန် ဇွတ်အတင်းရောင်းချခြင်း၊အချို့သော ကလေးများက ငွေကြေးတောင်းခံခြင်းများလည်း ရှိနေကြသ

Local News

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ၊လမ်းခွ၊မီးပွိုင့်များအနီး
စျေးရောင်းနေသူများကို စတင်ရှင်းလင်း
———————-
ရန်ကုန်၊ဇန်နဝါရီ၂၅ရက်

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ၊လမ်းခွ၊မီးပွိုင့်များအနီး
စျေးရောင်းနေသူများကို ယနေ့မှစ၍ ရှင်းလင်းနေပြီဟု

စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)က Myanmar Harp ကိုပြောသည်။

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ ၊ လမ်းခွ ၊ မီးပွိုင့်လမ်းမများ၌ မီးပွိုင့်မိ၍ခေတ္တရပ်နားစဉ် ပန်း ၊ ကွမ်းယာ ၊ ဆေးလိပ် ၊ ရေသန့်များအား

ရောင်းချနေသော ကလေးငယ်များနှင့်စျေးသည်များကို အဖွဲ့(၇)ဖွဲ့ခွဲပြီး ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဆောင်ရွက်ရခြင်းက

ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်စိုးရိမ်ရသည့်အတွက်ကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

လမ်းဆုံ ၊ လမ်းခွ ၊ မီးပွိုင့်လမ်းရှိ စျေးသည်အချို့ က ၄င်းတို့၏ပစ္စည်းဝယ်ရန် ဇွတ်အတင်းရောင်းချခြင်း၊အချို့သော

ကလေးများက ငွေကြေးတောင်းခံခြင်းများလည်း ရှိနေကြသည်ဟု ရဲကပြောသည်။

Source : Myanmar Harp

Leave a Reply