လေချွန်နတ်အကြောင်း တစေ့တစောင်း

Local News

လက်ဦးဆရာအဖေအမေက.ငယ်စဉ်ကတဲက.အစွဲသွင်းခံခဲ့ရသူတွေအဖို့.ကြီးပြင်းလာသည်အထိ.အစွဲအလုပ်တွေရှာဖွေလုပ်ကိုင်လေ့ရှိကြတာမို့.တနေ့တခြား.အစွဲကြောင့်ဖြစ်လာရတဲ့.အကြောက်တရားတွေပိုကြီးထွားလာခဲ့ကြသလို.

တချို့တွေကျတော့.အစွဲအလမ်းကင်းတဲ့.လက်ဦးဆရာအထွေထွေက.အစွဲအလမ်းတွေ.ဖယ်ရှားပေးနိုင်ခဲ့လို့.အစွဲအလမ်းမှန်သမျှအခွင့်ရေးရတိုင်းဖော်ထုတ်ခွင့်ရခဲ့ကြပြီး.ကျန်ရှိနေသေးသောအစွဲအလမ်းတွေအသက်ကြီးပိုင်းမှာ.ပိုမိုရှင်းလင်းသွားခဲ့.

လူ့ဘဝမှာတည်ရှိနေတဲ့.အသုံးဝင်နေဆဲပစ္စည်းတွေကို.သူ့သဘာဝအလျောက်တပ်မက်မောတာကို.အမှန်အကန်.မသုံးစွဲဘူးသူတွေက.ဆိုးဝါးလှတဲ့.ရာဂ.နဲ့.တဏှာထဲ.ထည့်တတ်ကြပေမဲ့.ဒါကမကောင်းတဲ့.အစွဲတော့မဟုတ်.

အစွဲဥပါဒါန်.ဆိုတာက.မရှိစွဲ.၊မရှိတဲ့အရာကိုမှ.ရှာကြံပြီးသဲသဲမဲမဲ.စွဲတတ်ကြလွန်းလို့ဒုက္ခရောက်နေကြရတဲ့.အစွဲ.မျိုး၊

ရှိတဲ့အရာကြိုက်တာက.သူ့မှာနှစ်သက်မက်မောစရာရှိနေလို့ကို.ကြိုက်တာ.လိုချင်တာ.နှစ်သက်မိသလို.ရလည်းရချင်လို့ကြိုးစားရယူတာ.

ဒါကအပြစ်ကြီးတခုမဟုတ်.ရှေ့မှာရလည်းရတဲ့သာဓကတွေရှိခဲ့သလို.ဖြစ်တာမို့သူအကြိုက်က.ဆိုးဆိုးဝါးဝါးကြီးမဟုတ်.

ကြောက်မက်ဖွယ်ရာကြီး.လက်တွေ့မြင်နေရလို့.ကြောက်နေကြရတာကလည်း.ကြောက်စရာကြီးမို့ကြောက်ကြတာသဘာဝပဲလေ.

မရှိတဲ့ကြောက်စရာ.ရှာဖွေကြောက်ရွံ့တာနဲ့.မရနိုင်တာ.ရှာကြံကြိုက်မိ.စွဲလမ်းမိတာကတော့.အပိုဒုက္ခသက်သက်သာဖြစ်လို့.ပညာရှင်တွေက.အစွဲဥပါဒါန်ထဲထည့်ထားခဲ့ကြတာ.သို့ပေမဲ့.ဒါကို.အစွဲဖြုတ်ပေးရမယ့်သူတွေက.အစွဲတွေ.ထပ်ထည့်လေသောအခါ

~~~~~~~~~

လွန်ခဲ့တဲ့.နှစ်.အစိတ်ကျော်.သုံးဆယ်ဝန်းကျင်တုံးက..ကြို့ပင်ကောက်မြို့..နာမည်ကြီးလှတဲ့..လေချွန်နတ်ကို..အတူတူသွားမေးမြန်းဘူးတဲ့.

လူတယောက်နဲ့မိတ်ဆွေ.သတင်းထောက်ကြီးတို့ကို.တနေ့ထဲမှာ..ဆုံတွေ့မိတော့.ယခင်က.အကြောင်းအရာများကို.ပြန်လည်သတိရမိခဲ့

လေချွန်နတ်ဆိုတာကလည်း.အဲဒီအချိန်ကအစွဲရှိသူတွေ.သည်းချေကြိုက်.မြန်ပြည်တပြည်လုံး.ဟော်ဟော်ကြိုး.ဟိုးဟိုးကြော်ခဲ့တာကိုး.

အဲဒီအချိန်တုံးက.သူငယ်ချင်း.တယောက်.အမေ.ဆုံးပြီးကာစ..၊သူတို့မိတ်ဆွေ..က..သူချစ်ရလွန်းတဲ့.သူ့မိန်းမဆုံးပြီးကာစ..

လိုက်ပါလာသူ.အချို့ကလည်း..သူတို့ရဲ့ကွယ်လွန်ပြီးကာစ..ဆွေမျိုးတွေရဲ့..အကြောင်းသိချင်ကြတဲ့..လူအချို့အပါအဝင်.သူငယ်ချင်းအိမ်က.ပါပလစ်ကာကားလေးနဲ့သွားခဲ့ကြတာပေါ့..

ကိုယ်ကတော့.ခပ်ငယ်ငယ်လည်းဖြစ်သလို.လောလောလတ်လတ်..ဆုံးပါးတဲ့.ဆွေမျိုးသားချင်း.မရှိပေမဲ့..မျက်မြင်ဒိဌ.မဟုတ်ရင်..ယုံကြည်လေ့မရှိသူဖြစ်ကြောင်းသူငယ်ချင်းမိတ်ဆွေတွေကသိထားကြတာမို့..

ယုံကြည်သူများက..ကိုယ့်ကို..လက်တွေ့ပြမယ်လိုက်ခဲ့.နေခြင်းပြန်ဆိုလို့..ကန့်လန့်ကန့်လန့်နဲ့ပါသွားခဲ့တာပါ..

ကိုယ့်လိုပဲ..မယုံကြည်တဲ့..သတင်းထောက်ကြီးကလည်း..လိုက်ခဲ့တာမို့..ကိုယ်တို့နှစ်ယောက်ကတော့..စူးစမ်းဖို့.လမ်းမှာထဲကကြိတ်ပြီး.တိုင်ပင်ထားခဲ့

ကိုယ့်မိတ်ဆွေမိသားစုနဲ့အခြားသူတွေကတော့..ကိုယ့်အပူနဲ့.ကိုယ်မို့..အဖြစ်အပျက်အမှန်တွေ..ပြောပြီးမေးမြန်းကြတာပေါ့..

လေချွန်နတ်က..အမှောင်ကြောက်တာလားမသိ.နေ့ခင်းဘက်ခေါ်မရလို့.မေးမြန်းရတဲ့အချိန်ကလည်း..နေဝင်ရီတရော..အချိန်..၊ပိုက်ဆံကလည်း.လူတယောက်မှ..ငါးမတ်ထဲဆိုတော့..ကိုယ်က.လူလေးယောက်.စာ...ကျပ်ဖိုးမေးဖြစ်ခဲ့တယ်.

ကိုယ့်ရှေ့ကသူတွေ.မေးမြန်းသမျှလောလောဆယ်သေဆုံးသွားသူတွေကိုတော့..လေချွန်နတ်က..တယောက်ပြီးတယောက်.ခေါ်လာခဲ့လို့တွေ့ကြ.မေးကြ.ပြောကြပေါ့..

ကွယ်လွန်တာကြာတဲ့..သူတွေကိုတော့.ခေါ်လို့မရတော့ဘူး..ဘဝ.ကူးသွားပြီပေါ့..စတုမဟာရာဇ်နတ်ပြည်ရောက်သွားသူလည်းရှိတယ်..

တခြားကိုယ်တို့အဖွဲ့ကမဟုတ်ပဲ..အသေဆိုးနဲ့သေတဲ့သူတွေကတော့..သူတို့..နေစရာမရှိလို့..ဘယ်နေရာမှာခိုကပ်နေရတယ်..အမျှအတန်းလေးဝေပါအုံးတဲ့..

ပြဿနာကတော့..ကိုယ့်အလှည့်ပဲပေါ့..နဂိုကမှအယုံအကြည်မရှိလေတော့..ကိုယ်ကအသေအချာ.စီစဉ်ထားတာ..သေတဲ့သူတွေကို.ကြာရင်.ခေါ်မရမှန်းသိထားလေတော့..အားလုံးလောလောလတ်လတ်.သေဆုံးသူတွေ.အဖြစ်ပဲပေါ့

စာရင်းပေးထားတဲ့..တယောက်က..ဧရာဝတီ.မြစ်လယ်ကျွန်းပေါ်က.ရွာမှာနေတဲ့.ယောက်ဖ.နာမည်(အဲဒီယောက်ဖ.က.ဒီနေ့အထိရှိနေတုံး)သူကိုတော့.ရေနစ်သေတယ်ပေါ့..

နောက်တယောက်နာမည်က..အိမ်ဘေးနားသူငယ်ချင်း(သူလဲ.အခုအထိ.ရန်ကုန်မှာရှိနေတုံး)

နောက်တယောက်က..အဲဒီအချိန်.စစ်အစိုးရအဖွဲ့ထဲက..နာမည်ကြီးခေါင်းဆောင်တယောက်နာမည်..ကိုယ့်သူငယ်ချင်းအဖြစ်နဲ့ပေါ့.(သူလည်းရှိနေတုံး)

နောက်တယောက်ကတော့..ကိုယ့်.စိတ်ကူးထဲမှာပဲရှိပြီး..အပြင်မှာတကယ်မရှိသူ….

သူတို့ကို.မြှုပ်နှံထားတဲ့.သုဿံ.တွေတော့.ပြောရတာပေါ့.ဒါမှ.လေချွန်နတ်က.သွားခေါ်လို့ရမှာကိုး.နေရာမသိရင်.လေချွန်နတ်.က.ယောင်လည်လည်.ဖြစ်မှာစိုးလို့.

ခက်တာက..သူတို့ကိုမြှုတ်နှံတဲ့.သုဿံတွေ.ကိုပြောအပြီးတိုင်းမှာ..ကိုယ်မေးတဲ့.လေး.ယောက်စလုံးကို..တယောက်ပြီးတယောက်.ခေါ်လာတာပါပဲ..

သေပြီး.တဲ့လူတွေနောက်ကို.ထောက်လှမ်းရေးလုပ်ရင်.သူတို့.ဘော်ဒီတွေ.မြှုပ်ထားတဲ့.နေရာက.တဆင့်လိုက်ရတာ.ထင်တယ်.

ကိုယ်နဲ့သူတို့.တယောက်ချင်းစီ.အပြန်အလှန်စကားတွေ..ပြောရတာပေါ့၊.လေချွန်နတ်.ကသုဿံတခု..တခါခေါ်တယောက်.ပဲပါလာတာ.ဆိုတော့.

ကိုယ်ကတော့..စီစဉ်ထားတဲ့အတိုင်း..ကလီကမာ.လုပ်ဇာတ်တွေနဲ့..ဖော်လို.လိုက်ရတာဖြစ်ပေမဲ့..ဘယ်သူမှဝင်ကြည့်လို့မရတဲ့.အခန်းထဲ.က..လေချွန်သံနဲ့မတူပဲ..ဝစီ.သံ.တိုးတိုးနဲ့သာတူတဲ့..လေချွန်နတ်..အသံကတော့.တရွှီရွှီ

နတ်ဆရာ..အဒေါ်ကြီးက..မေးသူတွေကို.နိမိတ်ပြမေးခွန်းတွေ.မေးရင်း..ဘာသာပြန်ပြောပြတယ်လေ..မေးသူတွေက.ခံစားချက်.ကိုယ်စီနဲ့မို့.ရင်တဖိုဖို.. 

နတ်ဆရာအဒေါ်ကြီးကိုတော့.ချီးမွမ်းမိပါရဲ့.အသေးစိပ်မေးခွန်းထုတ်နေသူတွေနဲ့.လေချွန်နတ်ဖြေတာတွေ.တလွဲတချော်တွေဖြစ်ကုန်ပြီဆိုရင်.သင်းချိုင်းစောင့်က.ပြန်ခေါ်သွားပြီဆိုပြီး.ရပ်ပစ်တတ်တယ်..

သင်းချိုင်း.မှာနေတော့.သင်းချိုင်း.စောင့်လည်း.ကြောက်ရတယ်.ထင်သပ..

~~~~~~~~~

အပြန်ကားပေါ်မှာတော့..မိန်းကလေးတွေအများစုက..သူတို့.ကွယ်လွန်သူတွေနဲ့တွေ့ဆုံစကားပြောတဲ့.အကြောင်းတွေ..ပြောမဆုံးပေါ့..

ကိုယ့်ကိုလည်း..မေးမြန်းကြတာပေါ့..ဘယ်လိုလဲပေါ့၊သူတို့ခံစားချက်တွေကို.စာနာလေတော့….ကိုယ်ကလည်း..ဟုတ်တယ်ပေါ့..

ပစ်ကပ်.ကားပေါ်မှာလူကျပ်နေသမို့.ကားနောက်မြီးကမတ်တတ်ရပ်လိုက်လာခဲ့တဲ့.ကိုယ်တို့မျက်နှာ.ကားထဲက.လူတွေ.မမြင်ကြရလေတော့သတင်းထောက်ကြီးနဲ့.ကိုယ်တို့ကတော့..ပြုံးစိစိနဲ့ပေါ့..

~~~~~~~~~

လေချွန်နတ်အပါအဝင်..အခြားနာမည်ကြီးသွားကြတဲ့သူတွေ..နာမည်ကြီးရခြင်းအကြောင်းတွေကတော့..တိုက်ဆိုင်မှုတချို့နဲ့.ခံစားချက်ကြီးလွန်းသူအချို့ရဲ့..ထပ်ဆင့်ပေးမှုတွေကနေ..ထွက်ပေါ်လာခဲ့တာကိုတော့..သိခဲ့ရ.

တိုက်ဆိုင်မှု..အနည်းငယ်ကြောင့်..အမှန်တရား..လို့.သတ်မှတ်ကြသူတွေကိုပြောချင်တာကဆရာဝန်တင်ရွှေ.ရေးပြီး..ဂျပန်ဘာသာ.အပါအဝင်..ဘာသာတချို့တောင်.ပြန်ဆိုခဲ့ရတဲ့..ဆရာဝန်ကြုံတွေ့ဘူးတဲ့.စုံးတစ္ဆေများ.စာအုပ်ကလေးနဲ့.

ကြံတော.တာမွေအပါအဝင်.သင်းချိုင်းတွေ.မဖျက်ခင်.အဲဒီမှာ.ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ကြသူတွေနဲ့တွေ့ဆုံမေးမြန်းထားတဲ့.ဆရာချစ်စံဝင်း.ရဲ့.(.ဤခရီးနီးသလား.)..စာအုပ်ကလေး.တို့က.အနည်းငယ်ရှင်းလင်းနိုင်ကောင်းပါရဲ့

အယူအစွဲကြီးသူတွေဟာ.လိမ်လို့.အကောင်းဆုံး.ပစ်မှတ်တွေဆိုတော့..သူငယ်ချင်းတယောက်စူးစမ်းခဲ့တဲ့.မင်းဘူးမြို့..မယ့်ဘေ့ကုန်း.က.ဝိဇ္ဇာတွေအကြောင်းလည်း.သတိရမိပါသေး..

~~~~~~~~~

မင်းဘူးမြို့.မယ့်ဘေ့ကုန်း.က.ဝိဇ္ဇာတွေ.ဆိုတာက.အသက်ရှည်လွန်းလှတဲ့.ဝိဇ္ဇာတွေ.အသက်.၆၀၀.ကျော်တွေတောင်.ပါဆိုပဲ.

တပြည်လုံးက.ယုံကြည်သူတွေ.ဖူးတွေ့ရအောင်.လာနေကြ.၊ဒါပေမဲ့.ထုံးစံအတိုင်း.နေ့လည်နေ့ခင်းမဟုတ်.ညမှောင်မှသာ.ဝိဇ္ဇာတွေကလည်း..အလင်းကြောက်ပုံရ..

မှောင်ရီပျိုးတဲ့.ညအချိန်..မီးမှိန်မှိန်မှာ.ဖူးတွေ့ရမယ့်.ဝိဇ္ဇာဓိုရ်.ဆရာတွေ.လာတော့မယ်.ဦးချကြဆိုလို့.ခေါင်းငုံ့.ဦးချနေတုံး..

မျက်နှာကျက်အပိတ်က.ပတ္တာအသာဖွင့်ပြီး.အုန်းသီးတွေ.လူမမှန်အောင်ပစ်ချပြတာကို..အပေါ်ဇတ်ကနဲမောကြည့်ရဲတဲ့.သူငယ်ချင်းကလွဲရင်.အားလုံးက.တအံ့တဩပဲပေါ့..သူ့လိုစူးစမ်းသူကလည်း.ခပ်ရှားရှား..

ဘိုးတော်.ကြက်သရေခန်း.ဝင်ပြီးတိုင်း.ခနကြာ.သွားရင်.မြေပြင်က.အမြင့်ကြီးဖြစ်တဲ့..မတ်ရပ်တံခါးက.စျာန်ကြွသလို..ရောက်လာလေ့ရှိတာက.လည်း..ထူးထူးဆန်းဆန်း..

သူများငုံ့ပြီး.ဦးချနေတုံး..အပေါက်ဝနားနေရာယူ.ငုံ့ကြည့်ရဲတဲ့.မိတ်ဆွေပဲ.တက်ပြီးပျောက်.လှေခါးတိုနဲ့..ဖက်တက်လာမှန်းသိခဲ့ရ..

အမြန်ဆုံးရောက်အောင်.လာပြရလို့.နဖူးမှာ.ချွေးကလေးတွေတောင်.စို့နေတယ်လို့.အနီးကပ်ဆုံးနေရာက.ကြည့်လိုက်ရတဲ့.သူငယ်ချင်း.ပြောတာလဲ.မှတ်မိနေသေး..

~~~~~~~~~

စစ်အစိုးရတက်ကာစ.သင်းချိုင်းတွေ.မရွှေ့မီ.သင်းချိုင်း.က.မလွတ်ကျွတ်သေးတဲ့.သူတွေ.သင်းချိုင်းသစ်ကို.ပြောင်းရွှေ့ပေးဖို့.လော်လီတွေအပေါ်တက်ခိုင်းတုံးက.

တချို့မြို့တွေမှာ.ကားတွေဝိတ်များလွန်းပြီး.လေးတွေတောင်.ညွှတ်ကုန်တယ်ဆိုလို့.တချိန်တုံးက.ဝိဘဇ္ဇ.အားကောင်းခဲ့တဲ့.ကိုယ့်သူငယ်ချင်းတယောက်က..ကား.ရဲ့.လေး.တွေကို.နှီးပြားလေးတွေကွေးပြီး.ထောက်ထားခဲ့တာလည်း.အမှတ်ရ.

ကိုယ်ဖော့ပညာနဲ့.တက်သွားကြလို့ပဲလားမသိ.မလွတ်ကျွတ်.သေးသူတွေ.တက်ခိုင်းချိန်မှာ.နှီးပြားက.တုတ်တုတ်မှ.မလှုပ်.

~~~~~~~~~

၂၁..ရာစုမှာ.ပညာတတ်ဆိုသူတွေကစ..မစူးစမ်းပဲ.အရာရာ.ယုံကြည်လေ့ရှိတာမို့..ဘိုးတ.တို့၊.နဂါး..တို့တတွေ.လည်း.အသွင်တမျိုးနဲ့..ပေါ်ထွက်လာတာပေါ့..

တချို့ကြတော့လည်း..အရာရာဝေဖန်ဆန်းစစ်ရဲပေမဲ့.တဘဝလုံးပေးပြီး.ယုံကြည်ခဲ့တဲ့..ကိုယ်ယူထားတဲ့.အရာကျ.ဝေဖန်ဆန်းစစ်ဖို့.သတ္တိနည်းလေတော့..အတူတူနဲ့အနူနူ.ပဲ.ဆိုရလေမလား..

Leave a Reply