လေပင့်တိုက်လို့ ရဟတ်ယာဉ်ပျက်ကျရတာပါဆိုတဲ့ စစ်ကောင်စီ

Local News

လေပင့်တိုက်လို့ ရဟတ်ယာဉ်ပျက်ကျရတာပါဆိုတဲ့ စစ်ကောင်စီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေပင့်တိုက်လို့ ရဟတ်ယာဉ်ပျက်ကျရတာပါဆိုတဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဒီကနေ့မနက်ပိုင်းက ရဟတ်ယာဥ်ပျက်ကျခဲ့တာ မှန်ကန်တယ်လို့ စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၄င်းတို့စစ်ကောင်စီနဲ့နီးစပ်တဲ့ NP News ဌာနကို အတည် ပြုဖြေကြားထားပါတယ်။

ဒီကနေ့မနက် ၈ နာရီ ၅၀ မိနစ်မှာ ကလေးမြို့ကထွက်ခွာလာတဲ့ အဲ့ဒီစစ်ကောင်စီရဟတ်ယာဥ်ဟာ ဟားခါးမြို့ကို ဆယ်တန်းမေးခွန်းလာပို့တာဖြစ်ပြီး ဟာခါးလေယာဉ်ကွင်းအနီးဆင်းသက်ဖို့ပြင်ဆင်နေတုန်း တောင်အောက် ကလေက ပင့်တိုက်လိုက်လို့ လေအရှိန်နဲ့ ပျက်ကျခဲ့တာလို့ဆိုပါတယ်။

”ကလေးကနေထွက်လာတဲ့ ရဟတ်ယာဉ်က ဟားခါးမှာရှိတဲ့ ရဟတ်ယာဉ်ကွင်းကိုသွားတော့ ၉ နာရီ ၂ဝ မိနစ်လောက်မှာ ဟားခါးကိုရောက်တယ်။ ရဟတ်ယာဉ်က တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်က ပြုတ်ကျသွားတယ်။ ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်ကွာတဲ့ တောင်စောင်းပေါ်မှာ ပြုတ်ကျတယ်။ ရဟတ်ယာဉ်အမြီးကျိုးသွားတယ်။ ရဟတ် ယာဉ်လည်း နည်းနည်းတော့ လန်သွားတာပေါ့” လို့ စစ်ကောင်စီပြောခွင့်ရက NP News ကိုပြောပါတယ်။


အဲ့ဒီရဟတ်ယာဉ်ပျက်ကျတာကြောင့် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးခဲ့တာမရှိဘူးလို့ ၄င်းကဆက်လက်ပြောပါတယ်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။