ရန်ကုန်မြို့ လူမိုက်ဂိုဏ်းအဖွဲ့အစည်းများမှ စစ်အာဏာသိမ်း အစိုးရအား ခြိမ်းခြောက််််််််််ကြေငြာစာပေးပို့

Local News

ရန်ကုန်မြို့နေ လူမိုက်အဖွဲ့အစည်းများမှ ၁ /၂၀၂၁ ဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်း စာထဲတွင် မိမိတို့သည် လူမိုက်သဘာ၀ ဆိုးသည်၊ မိုက်သည်။ သို့ရာတွင် လုံထိန်းများနှင့် စစ်သားများသည် မိမိတို့ထက် ပိုမိုဆိုးဝါးက အများပြည်သူအား လူနေရပ်ကွက်များအတွင့်သို့ လာရောက်ဖမ်းဆီးခြင်း၊ ပစ္စည်းများလုယက်ခြင်း စသည်တို့ကို ပြုလုပ်နေသောကြောင့် မိမိတို့ လူဆိုးများအနေဖြင့်ပင် ပြည်သူများအာ့ ငဲ့ညှာသောအားဖြင့် လက်ရှိလှုတ်ရှားမှုများကို ရပ်တန့်ထားရကြောင်း၊ ထို့အပြင် မိမိတို့ ကျက်စားရာ လူနေရပ်ကွက်အတွင်းသို့ လာရောက်ရမ်းကားနေသော လုံထိမ်းများအား “ဂူတစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင်အောင်းရိုး ထုံးစံမရှိကြောင်း” သတိပေးလိုက်ပါကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

ထိုသို့စစ်အာဏာရှင်အစိုးရအား ဆန့်ကျင်ကာ ပြည်သူလူထုနှင့် အတူရပ်တည်ပေးပါသော ရန်ကုန်မြို့မှ လူမိုက်ဂိုဏ်းများအား ပြည်သူလူထုကိုယ်စားမိုးနတ်မင်း အဖွဲ့သားများက အထူးပင် လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း ထို့အပြင် စစ်အာဏာရှင် ကို ရဲဝံ့စွာ ပူးပေါင်းဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

Leave a Reply