တရုတ်ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်း thayဆုံး

Local News
တရုတ်ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်း thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်း thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်း thayဆုံး
မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်းတို့ကို တရုတ်နိုင်ငံကို လွှဲအပ်

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်း ဟာလောက်ကိုင်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်က thayဆုံးသွားပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’သူ့ကိုယ်သူ အဆုံးစီရင်သွားတာလို့သိရတယ်။ အလောင်းကိုတော့ တရုတ်ဘက်အပ်လိုက်တယ်’’ လို့ ကိုးကန့်လုပ်ငန်းရှင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြီရှောက်ချန်း ကို ဝင်ဖမ်းဆီးစဉ်မှာ ပစ္စတိုနဲ့ သူ့ကိုသူအဆုံးစီရင်ခဲ့တယ် လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင်တွေဖြစ်တဲ့ မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကိုလည်း ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်မှာပဲ ဖမ်းဆီးလိုက်ပြီး နေ့လယ်ပိုင်းမှာ တရုတ်နိုင်ငံကို လွှဲအပ်လိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ ဝရမ်းထုတ်

‘’ မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်းတို့ကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ ခေါင်းစွပ်နက်တွေစွပ်ပြီး တရုတ်ကခေါ်သွားတယ်။ ’’ လို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

မြီကျူးလန့် ကိုတော့ တခြားတနေရာမှာ ဖမ်းမိပြီး တရုတ်ဘက်ကိုလွှဲအပ်လိုက်တယ်လို့ သူကပြောပြီး ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်း နှစ်ဦးကိုပဲ လွှဲအပ်တဲ့အကြောင်း သူကပြောပါတယ်။

မြီရှောက်ချန်း ရဲ့အလောင်းကိုလည်း အရေးပေါ်လူနာတင်ယာဉ်နဲ့ တင်ဆောင်လာခဲ့ပြီး ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ တရုတ်ရဲတွေက စစ်ဆေးခဲ့ပြီး တရုတ်ဘက်က အလောင်းကို ယူမသွားဘူး လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ရဲ့ တပည့်ဟောင်းတစ်ဦး ဖြစ်တဲ့ မြီရှောက်ချန်း ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်းလည်း ဖြစ်ပါတယ်။

တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်း

သူတို့ကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် နိုဝင်ဘာ ၁၄ ရက်မှာတော့ လောက်ကိုင်မြို့၊ ပါစင်ကျော်ရွာအနီးက မြီ အိမ် မီးလောင်ခဲ့ပြီး ဘီဘီစီက ရရှိတဲ့ ရုပ်သံဖိုင်တစ်ခုအရ မြီအိမ်ဝင်း ထဲမှာ အပျက်အစီးတွေ နဲ့ လူသူကင်းမဲ့နေတာ တွေ့ရပါတယ်။

အဲဒီနေ့က စစ်ကောင်စီ နဲ့ MNDAA ကိုးကန့်တပ်တို့ ပါစင်ကျော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပါစင်ကျော်ကို MNDAA က ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မြီမိသားစုဟာ ဝရမ်းအထုတ်မခံရခင်ကတည်းက တရုတ်နိုင်ငံရဲ့ သတိပေးမှုကိုခံထားရပြီး အောက်တိုဘာ ၂၀ ရက် ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က လောက်ကိုင်မြို့က မြီ မိသားစုပိုင်တဲ့ ဟိုတယ်ဝင်းထဲမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာတရုတ်နိုင်ငံသားတချို့ ထိခိုက်thayဆုံးခဲ့လို့ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ မြန်မာဘက်ခြမ်းကအာဏာပိုင်တွေကိုသာမကဘဲ ပိုင်ရှင် မြီရှောက်ချန်ကိုပါ တရုတ်ကတိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ကုန်စည်ပြပွဲကို သွားရောက်ရင်း အောက်တိုဘာလဆန်းက အဖမ်းခံရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲ မြီ အိမ်က သားမက်လည်း ပါဝင်ပြီး အခုအဖမ်းခံရတဲ့ မြီကျူးလန့်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။

တရုတ်ကဖမ်းထားတဲ့ ဘီလီယံနာ ကိုးကန့်သူဌေးကြီး ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲဖမ်းဆီး

နိုဝင်ဘာ ၁၁ ရက်ညမှာ မြီကျူးလန့်ရဲ့ ခင်ပွန်း ရန်လောက်ဟွာရဲ့ ရုပ်သံကို တရုတ်ဘက်က ထုတ်လွှင့်ခဲ့ပြီး လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့် )လုပ်နေတဲ့ တရုတ်လူမျိုးတွေကို တရုတ်အစိုးရ ဆီ လွှဲပေးဖို့ မိသားစုဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရန်လောက်ဟွာရဲ့ ရုပ်သံကို တရုတ်ဘက်က ထုတ်လွှင့်

မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပြီး စည်းစိမ်ဥစ္စာတွေလည်းလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့အတူ ပျက်စီးသွားနိုင်တယ်လို့ သူက ရုပ်သံကတဆင့် သတိပေးခဲ့ပါတယ်။

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့် )ကြောင့် တရုတ်ပြည်သူတွေရဲ့ မိသားစုတွေ ပြိုကွဲခဲ့ရပြီး တရုတ်ပြည်သူများစွာရဲ့ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးခဲ့ရတယ် လို့ သူက ပြောပါတယ်။

ကျားဖျန့် – အဓမ္မစေခိုင်းခံနေရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး ‘ဝ’ တပ်ဖွဲ့ UWSA က အရာရှိနှစ်ဦး ကိုလည်း တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ထားပြီး အခုတော့ လောက်ကိုင်က လုပ်ငန်းရှင်တွေကိုပါ ဝရမ်းထုတ်ဖမ်းဆီးလာတာ ဖြစ်ပါတယ်။

UWSA က အရာရှိနှစ်ဦးရဲ့သတင်းက အစအနပျောက်နေဆဲဖြစ်ပြီး မြီရှောက်ချန်းကတော့ ဝရမ်းထုတ်ခံထားရတဲ့ အထဲပထမဆုံးthayဆုံးသူ ဖြစ်လာတာပါ။

စစ်ကောင်စီ နဲ့ တရုတ်နိုင်ငံပူးပေါင်းပြီး လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်မယ့် စီမံချက်ကာလစတင်နေတာ ဖြစ်ပြီး ကိုးကန့်က လူသိများသူတွေထဲ မြီမိသားစုဝင်တွေကို ပထမဆုံးဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဟောင်း ဦးပယ်ဆောက်ချိန် ရဲ့သားကိုလည်း အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူပြန်ပေးစွဲမှုတွေ နဲ့ တရုတ်ဘက်ကရော စစ်ကောင်စီကပါ ဖမ်းဝရမ်းထုတ်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။