ရာသီခွင်အလိုက် ဖူးစာရှင်များရဲ့ ပုံသဏ္ဍာန်များ (၂)

Astrology

အချစ်ရေးမှာ ဘယ်လိုပုံစံလေးတွေရှိမလဲ၊ ဘယ်လိုချစ်သူမျိုးနဲ့ ကြုံတွေ့နိုင်မလဲဆိုတာကို ကိုယ့်ရဲ့သက်ဆိုင်ရာ ရာသီခွင်နဲ့အလျှောက် ပတ်သက်ပြီး ဖော်ပြပေးထားပါတယ်နော်

Libra – တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )

တူ ရာသီဖွား တို့သည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ အချစ်ဆုံးသူများဖြစ်သည်။ ချစ်ခဲပြီး အချစ်မြဲသောသူများဖြစ်သည်။ ထူးခြားချက်မှာ ဉာဏ်မြင့်သော ပညာတတ် ထူးချွန်သောသူကို ဦးစားပေးချစ်တတ်သည်။မျှတစွာ တွေးခေါ်တတ် ၍ သိမ်မွေ့အေးချမ်းသူဖြစ်သည်။ နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။ ပညာတတ်၊ ဉာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအဝါကောင်း၊ ဟန်ကောင်း၊ မျက်နှာ လေးထောင့်နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။

Scorpio – ဗြိစ္ဆာ ရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် )

ဗြိစ္ဆာ ရာသီဖွား တို့သည် ခံစားချက်၊ ခံယူချက် ကို ဦးစားပေးသော သူများဖြစ်သည်။ လျှိုဝှက်သိုသိပ် ၍ မဖြစ်မနေဆောင်ရွက် တတ်သော သဘာဝရှိသည်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံးဖြတ်ချက်ချရန်အတွက် အလွန် အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ ထိုရာသီဖွားတို့သည် အေးချမ်းရိုးသားစွာ နေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။

Sagittarius – ဓနု ရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )

ဓနု ရာသီဖွား တို့သည် ဘဝတွင် အရာရာ အောင်ပွဲခံနိုင်သလောက် အချစ်စစ် မျက်နှာတွင်မူ အမြဲအလံဖြူ၊ ဝှေ့ရမ်းအရှုံးပေးရသူများ
ဖြစ်သည်။ ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင် စူးစူးစိုက်စိုက် ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဒာသွယ်လျ၊ မျက်နှာသွယ် စကားပြောမြန် ၍ ခေါင်းမာတတ်သော သူနှင့် ဖူးစာဆုံမည်။

Capricorn – မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )

မကာရ ရာသီဖွား တို့သည် အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှား မှုများအပေါ် အမြဲ ဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ ပေးဆပ်မှုကို ဦးစားပေးသူဖြစ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၎င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာ မြင့်မားလာသောအခါ ချစ်သူကပင် မိမိအား
ပစ်ခွာသွားခြင်းကြုံတတ်သည်။ ထိုရာသီဖွားတို့သည် မေးရိုးပါးရိုးမြင့်သော၊ အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက် သောအမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။

Aquarius – ကုံ ရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )

ကုမ် ရာသီဖွား တို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ သူ့အပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက် ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။

Pisces – မိန် ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် )

မိန် ရာသီဖွား တို့သည် အလွန် အေးချမ်း မြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူ အပေါ် နားလည်ခွင့်လွတ်တတ်သောသူဖြစ်သည်။ အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက် ချစ်တတ်သောသူဖြစ်သည်။ အရှက်အကြောက်ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်း ကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိ
အားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဉာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

Leave a Reply