၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( July 31 to August 6 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန်နေပါမယ်။ သို့သော် ကျန်းမာရေးကို မပေါ့ဆပါနှင့်။ လေ့ကျင့်ခန်းများကို နေစဉ်ပုံမှန် ပြုလုပ်ပေးပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို တတ်နိုင်သမျှ စားသုံးပါ။

ယခုရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး ကံတရားသည် ကောင်းမွန်နေပါမယ်။ နယ်ပယ်များစွာမှ ဝင်ငွေ‌ ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားမှုများ ပြုလုပ်လိုပါက သတိထားပေးပါ။

ဤကာလအတွင်း မိမိ၏ နေအိမ်သို့ ဧည့်သည်များ လာရောက်ဖွယ် ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( July 31 to August 6 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းစေသည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကိုပါ တိုးလာစေနိုင်ပါတယ်။

ရက်သတ္တပတ် အလယ် ကျော်လွန်ပြီးနောက် ငွေကြေး ကံတရားသည် ပိုမို ကောင်းမွန်လာပါမယ်။ ငွေကြေး အခြေအနေ တိုးတက်လာမည့် အပြင့် လိုအပ်သော ပစ္စည်းများကိုပါ ဝယ်ယူနိုင်ပါမယ်။

မိသားစုများ‌အပေါ် ပြောဆို ဆက်ဆံရာတွင် သတိထားပေးပါ။ မိမိ၏ အပြုအမူတို့ကြောင့် ဆက်ဆံရေးကို မထိခိုက်ပါစေနှင့်။

မေထုန်ရာသီခွင် – Gemini ( July 31 to August 6 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် ပိုမိုကောင်းမွန်လာပါမယ်။ ရာသီအကူးအပြောင်း အသေးအမွှား ဝေ‌ဒနာများ ရရှိနိုင်ပေမယ့် ကြီးကြီးမားမားရောဂါများ မဖြစ်ပေါ်နိုင်ပါဘူး။

စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ငွေကြေး ရင်းနှီးမြုပ်နှံရာတွင် သတိထားပေးပါ။ ပေါ့ဆမှုတို့ကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို၏ မိသားစုဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါက စိတ်ရှည်ရှည်ထားပီး ဖြေရှင်းနိုင်ရန် ကြိုးစားပေးပါ။ စိတ်ဖိစီးကာ စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းက ကောင်း‌သော ဖြေရှင်းချက် မဟုတ်သည်ကို နားလည်ရပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( July 31 to August 6 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ဘဝနယ်ပယ် တော်တ်ောများများကို ဂရုစိုက်ပေးရပါမယ်။ မည်သည့် အခြေအနေမျိုးတွင်မဆို စိတ်ရှည်သည်းခံပေးပါ။ အထူးသဖြင့် ခက်ခဲသည့် အခြေအနေတွင် ဆုံးဖြတ်ချက် ချသည့်အခါ အနာဂတ်ကို သေချာစဉ်းစားပါ။

အထွက်ငွေ ကြမ်းနေတတ်ပါတယ်။ ငွေရေးကြေးရေး ကိစ္စများနှင့် ပတ်သက်ပြီး အစကတည်းက မှန်ကန်သည့် ဗျူဟာတစ်ခုကို ရေးဆွဲပေးရန် လိုအပ်ပါမယ်။ သို့မှသာ ဝင်ငွေ‌နှင့် ထွက်ငွေကို မျှမျှတတ ထိန်းချပ်နိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း လှည့်စားမှု အချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ ထို့ကိစ္စအတွက် မိမိ၏ ဒေါသကို မိသားစုဝင်များ အပေါ် သက်ရောက်မှု မရှိအောင် သတိထားပေး ရပါမယ်။ မဟုတ်ပါက မိသားစု ပတ်ဝန်းကျင်တွင် အနှောင့်အယှက် ဖြစ်စေမည့်အပြင် သင့်ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်သည်။

သိဟ်ရာသီခွင် – Leo ( July 31 to August 6 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေး အတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အထူးသဖြင့် အလုပ် အလွန်အကျွံ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပေးပါ။ ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ရန် အမြဲတစေ ပြောင်းလဲပေးရပါမယ်။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်သော်လည်း မိသားစုဝင်တို့၏ ကျန်းမာရေးအတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

အိမ်မှုရေးရာ ကိစ္စရပ်များကို ဂရုစိုက်ပေးပါ။

ကန်ရာသီခွင် – Virgo ( July 31 to August 6 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ လုံလုံလောက်လောက် အနားယူ‌ပေးပါ။ ဗီတာမင် C ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတိုက်အခိုက်များ ရှိနေတတ်ပါတယ်။ မိမိ မျှော်လင့်ထားသလောက် အကျိုးအမြတ်ကို ရရှိနိုင်မည် မဟုတ်သော်လည်း အတိုင်းအတာတစ်ခု အထိ ကျေနပ်စေနိုင်ပါမယ်။ ဒါ့အပြင် သင့်တော်သော အစီအစဉ်များဖြင့် လုပ်ဆောင်နိုင်ပါက အချိန်တိုအတွင်း အမြတ်ငွေ နှစ်ဆတိုးစေနိုင်ပါတယ်။

ယခုအပတ်တွင် မိသားစုဘဝအတွက် အပြောင်းအလဲ မပြုလုပ်မီ မိသားစုဝင်တို့၏ ထင်မြင်ချက်များကိုပါ ရယူရန် ကြိုးစားသင့်ပါတယ်။ မဟုတ်ပါက မိသားစု အကျိုးစီးပွားအတွက် စဉ်းစားခဲ့သော ဆုံးဖြတ်ချက်သည် မိမိနှင့် ဆန့်ကျင်ဘက် ဖြစ်စေနိုင်ပါတယ်။

တူရာသီခွင် – Libra ( July 31 to August 6 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲများ ဖြစ်ပေါ်လာပါလိမ့်မယ်။ သို့သော် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ်ပါမယ်။

ယခင်က ငွေကြေး ရင်းနှီးမြုပ်နှံခဲ့ပါက ယခုအပတ်တွင် ပြဿနာ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ငွေကြေး ဆုံးရှုံးမှုတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ အလျင်စလို မပြုလုပ်ဘဲ စဉ်းစားဆင်ခြင်ပေးပါ။

မိသားစုဝင်များအကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ဒါ့အပြင် မိသားစုရေးရာ ကိစ္စရပ်များကိုလည်း တာဝန်ယူ ဆောင်ရွက်ရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( July 31 to August 6 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ အသေးငယ်ဆုံး ကိစ္စကိုပင် စိတ်အလိုမကျကာ ဒေါသဖြစ်လွယ် နေပါမယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု ရရှိအောင် တရားထိုင်ပေးပါ။

ဤကာလအတွင်း စိတ်အလိုလိုက်ကာ ငွေကြေး သုံးစွဲဖွယ် ရှိနေပါတယ်။ မလိုလားအပ်သော ငွေကြေး ကုန်ကျမှု မဖြစ်ရလေအောင် ဂရုစိုက်ပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွင်စရာ အခိုက်အတန့်များ ရရှိခံစားနိုင်ပါမယ်။ သို့ရာတွင် မိမိ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော် ပြသပေးရန် လိုအပ်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( July 31 to August 6 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် လုပ်ငန်းတာဝန်တို့ကြောင့် ပင်ပန်းနွမ်းနယ် နေနိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရှိနေပါမယ်။ ဒါ့ကြောင့် လုံလုံလောက်လောက် အနားယူပေးရန် လိုအပ်ပါမယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန်လည်း အကြံပြုလိုပါတယ်။

ဤကာလအတွင်း ရင်းနှီးမြုပ်နှံမှုများ၊ အနာဂတ် အစီအစဉ်နှင့် ပက်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ အသိမပေးပါနှင့်။ မဟုတ်ပါက မိမိ၏ ယုံကြည်မှုကို အခွင့်ကောင်းယူကာ နောက်ကွယ်တွင် ကြံစည်မှုများ ရှိနေတတ်ပါတယ်။

ဤကာလတစ်လျှောက်လုံး Sagittarius ရာသီခွင်တို့၏ မိသားစုဘဝတွင် ပေါ့ပေါ့ပါးပါးဖြင့် အေးချမ်းစွာ ဖြတ်သန်းနိုင်ပါမယ်။ သီတင်းပတ် နှောင်းပိုင်းတွင် ဝေးကွာနေသော ဆွေမျိုးတစ်ဦးထံမှ သတင်းကောင်းကြောင့် ပျော်ရွှင်ရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( July 31 to August 6 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် တခါတရံ အသက်ရှုကြပ်သလို ခံစားရနိုင်ခြေရှိ၍ သတိထားပေးပါ။ လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ရယူပေးပါ။

မိမိ၏ အရည်အချင်းကို မှန်မှန်ကန်ကန် အသုံးချနိုင်ပါက ငွေကြေး တိုးတက်မှုများ ရှိလာပါလိမ့်မယ်။ ဒါ့အပြင် နောင်လာမည့် ကာလများတွင်လည်း အကျိုးခံစားခွင့်များ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိမိ၏ အပြောအဆိုကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် မိသားစုဝင်နှင့် စကားပြောဆိုရာတွင် ကောင်းစွာ သဘောပေါက်အောင် ရှင်းပြပေးပါ။ မဟုတ်ပါက နားလည်မှု လွှဲမှားကာ စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( July 31 to August 6 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် ကြိုးစားပေးရပါမယ်။ လုပ်ငန်း တာဝန်အပြင် မိမိ၏ ကျန်းမာရေး အတွက်ပါ အချိန်ပေးပါ။

အတိတ်ကာလမှ ကြိုးစားအားထုတ်မှုတို့ကြောင့် ယခုအပတ်တွင် ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ဒါ့အပြင့် လိုအပ်သော ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင့်သည့် အခွင့်အလမ်း မြင့်မားနေပါတယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် မိသားစုဝင်သစ် တစ်ဦး တိုးလာနိုင်ခြေ ရှိနေပါတယ်။ ထို့ကိစ္စနှင့် ပက်သက်၍ မိသားစုဘဝတွင် အပြုသဘောဆောင်ကာ ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

မိန်ရာသီခွင် – Pisces ( July 31 to August 6 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာများစွာကို ကျော်လွှားနိုင်ပါမယ်။ သို့သော် အလုပ်ကိစ္စများနှင့်သာ အချိန်မကုန်ဆုံးပါနှင့်။ မိမိ၏ ကျန်းမာရေးအတွက် အချိန်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် တိုးတက်ကောင်းမွန်နေပါမယ်။ အချိန်ကြာ စောင့်ဆိုင်းနေရသော ငွေကြေးများ ပြန်လည် ရရှိဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။ မိသားစုဝင်များအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ ဒါ့အပြင် မိမိကိုယ်တိုင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။