မဟာဘုတ် ဗေဒင်တွက်နည်းနှင့် ဟောစတမ်းများ

Astrology

မဟာဘုတ် ဗေဒင်တွက်နည်းနှင့် ဟောစတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ် ဗေဒင်တွက်နည်းနှင့် ဟောစတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၀ ခုကြွင်းလျှင်

၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၁ခုကြွင်းလျှင်

၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၂ ခုကြွင်းလျှင်

၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၃ ခုကြွင်းလျှင်

၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၄ ခုကြွင်းလျှင်

၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၅ခုကြွင်းလျှင်

၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၆ခုကြွင်းလျှင်

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား

အဓိပတိဖွားဟောကိန်း

အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။
အကြံပေးချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါလက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။

မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက်သင်ရတဲ့ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယအားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာစိတ်ဝင်တစား လေ့လာလိုက်စားတတ်သည်။ အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံသာသိသည်။

အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။ အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိဖွားတွေကငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။ ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊

မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရမည်။အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်။

မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊
တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကိုလိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တတ်တယ်။ မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။ မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိတယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေတတ်သည်။

မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာလုပ်ပါ။ ဇွဲရှိပါ။ ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်

အထွန်းဖွားဟောကိန်း

ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညှိုးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ်တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊
အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေတတ်သူပါ။
လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။
မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတက်လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေ
ရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိလွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။
ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြား
လူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။

သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။ မိမိကအေးဆေးတည်ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်း
နေတတ်ပါတယ်။
ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်းမထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။

မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက်လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲလုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိအဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။

ရာဇဖွားဟောကိန်း

စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲတွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန်ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်းသာမှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။

မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာရှိနေတတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ်မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန်လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလို သူများတွေ မလုပ်နိုင်သော လက်လျှော့ထားသော အလုပ်တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကားမလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့်ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။

ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့်မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊

ရှေးရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။

မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီးမှယူသင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။

မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိတစ်ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်းနိုင်ကြပါ။ မိန်းမ
တွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊

သိုက်ဖွားဟောကိန်း

စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည်ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။ အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ်လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေးကြောင့် ငွေသုံးရတတ်သည်။

မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ်အကျိုးမခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။
တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာ
အပြစ်ပြောခြင်းခံရမည်၊

မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ်တတ်သည်။ မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ်သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ်ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။

မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက်အသစ်တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့
ခံယူထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။

နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလိုထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြောတတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။
မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ်မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ

ပုတိဖွားဟောကိန်း

အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေးစားစားလုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။

ဘဝတစ်လျှောက်လုံး ရုန်းကန်လှုပ်ရှားနေရတတ်သည်။ အတတ်အကျများသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရမှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှားမခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။

အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုးစိတ်ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။ ပုတိဖွား
တွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွားတွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။
မိမိသည် အခွင့်အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက်အတားအဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင်နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲနာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။

မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထားသော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေတတ်သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြားမည်။ လူအထင်ကြီးခြင်းခံရမည်။ မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။ အလုပ်မှာလဲ လက်ငါးချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရတတ်ပေ။

ဘင်္ဂဖွားဟောကိန်း

စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံးရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တာန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလည်း ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။

ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်းဘွင်းရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်
ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ်ရင်းအရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည်ဆိုတာနားလည်လာကြသည်။
ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူတွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပိုခင်တတ်သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြတိုင်ပင်အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလျှို့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။

ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိနေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင်ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေတတ်ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။

အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ်သူပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။
လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။

ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။

အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လိုတဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။ ပထမအရွယ်အတတ်အကျမြန်တတ်ပါတယ်

မရဏဖွားဟောကိန်း

မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင်တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။

ဆွေးမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်ကအလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူးလို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ်ဘူး။
အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။

မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ၊ ကြာရှည်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။
ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ကျကျလုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ “ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲ”လို့ ပြောမဲ့သူတွေပါ။
မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။
ငါလုပ်လိုက်တာမှားသွားလားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။
သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုးသလောက်ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာ
အမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေး
တွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသောကတွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင်တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။

ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေးကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလို
ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေအောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲက ‘အတ္တသမ္မာ ပဏိဓိ စ” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကို မလွဲမသွေ ခံစားရမှာပါ

ရေးသားသူ – Credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။