စိတ်ဓာတ်တွေ ကျနေတဲ့အခါ ဘာလုပ်သင့်လဲ

Knowledge

လူတိုင်းမှာ ပျော်ရွှင်နေရတဲ့အကြောင်းတွေ ရှိသလို မပျော်ရွှင်ရတဲ့ အကြောင်းတွေ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာတော့ ပြုံးပျော်နိုင်ဖို့ လိုတယ်မလား။ ဘယ်သူပဲဖြစ်ဖြစ် ပြုံးပျော်နေတာပဲ မြင်ချင်ကြတယ်လေ။ ပျော်အောင်နေမှလည်း လူ့ဘဝရတာ တန်မှာမဟုတ်လား။ ဒီတော့ ပျော်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေထားဖို့ လိုတယ်နော်။

မုန်းတီးနေတဲ့ စိတ်တွေ ဖယ်ထားလိုက်ပါ

လူတိုင်းကို ချစ်ရမယ်၊ ကိုယ်နဲ့ အဆင်မပြေတဲ့သူကိုလည်း သည်းခံပြီး ချစ်နေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း မုန်းနေတဲ့စိတ်ကိုတော့ ဖယ်ထားလိုက်ပါ။ တချို့ ရှိတယ်မလား၊ အလကားနေရင်း ကိုယ့်ကိုလည်း ဘာမှမလုပ်ဘဲ မုန်းမိပြီး ကြည့်မရတာမျိုးပေါ့။ ဒါမျိုးတွေ နည်းသထက်နည်းအောင် လုပ်ပါ။ မချစ်တော့ရင် ရပြီ စိတ်ထဲထည့်ထားပြီး မုန်းနေတာက ကိုယ့်ကို မပျော်ရွှင်မှုတွေပဲ ထပ်တိုး ဖြစ်နေစေမှာပါ။

ပိုက်ဆံနည်းနည်းချင်း စစုပါ

ပိုက်ဆံရှိမယ်ဆိုရင် နေရထိုင်ရတာ နည်းနည်းတော့ အားရှိတယ်မလား။ ဘယ်နေ့ ဘယ်လောက်စုမိရင် ဘာလေးတွေ အကောင်အထည် ဖော်လိုက်မယ်ဆိုတာမျိုးပေါ။ ဒီတော့ ပိုက်ဆံနည်းနည်းချင်း စစုကြည့်ပါ။ စုတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေ ထားပြီးတော့တော့ မစုနဲ့ပေါ့။ ဒါဆို ဘယ်ပျော်ပါ့တော့မလဲ။

အကောင်းမြင်ပါ

မပျော်ရတဲ့ အချိန်တွေ မရှိဖု့ိဆိုတာ အကောင်းမြင်စိတ် ရှိဖို့လိုပါတယ်။ အကောင်းမြင်စိတ် များများထားပါ။ အဲဒါက ကိစ္စအကြီးကြီးတွေကိုပဲ အကောင်းမြင်စိတ် ထားရမှာ မဟုတ်ဘူးနော်။ လမ်းမှာ တခြားသူတစ်ယောက်က ကိုယ့်ကို ဝင်တိုက်မိတာ အဲဒီလိုမျိုး အသေးလေးတွေကအစ အကောင်းမြင်ပါ။ ဒါမှ နေပျော်မှာနော်။ မဟုတ်လို့ကတော့ ပူပူလောင်လောင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြည့်ဖို့ ကြိုးစားပါ။ ပျော်ဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ ပေါင်းတဲ့အခါမှာလည်း ကိုယ်နဲ့ စိတ်တူကိုယ်တူ ဖြစ်မယ့်သူကိုသာ ရွေးချယ်ပေါင်းပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ နည်းနည်းမှ မကိုက်ဘဲ သည်းခံပြီး ပေါင်းနေတာမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရဖို့ိဆိုတာ အဲ့ဒီသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတိုင်း ကိုယ်စိတ်နှလုံး ရွှင်လန်းတက်ကြွနေမှပါ။ သည်းခံပေါင်းသင်းနေရတဲ့ သူငယ်ချင်းတွေကိုတော့ တာ့တာ လုပ်ထားပါ။

လူတိုင်းကို ချစ်ရမယ်၊ ကိုယ်နဲ့ အဆင်မပြေတဲ့သူကိုလည်း သည်းခံပြီး ချစ်နေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း မုန်းနေတဲ့စိတ်ကိုတော့ ဖယ်ထားလိုက်ပါ။

Leave a Reply