စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ခြေလှမ်း ကချင်မှာ အစပျိုး

Local News

စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ခြေလှမ်း ကချင်မှာ အစပျိုး

ယခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ခြေလှမ်း ကချင်မှာ အစပျိုးတဲ့ သတင်းပဲဖြစ်ပါတယ်။

ဖြတ်လေးဖြတ်ဆိုတာက ပြောက်ကျားတွေကို ရိက္ခာဖြတ် ၊ သတင်းဖြတ် ၊ ဝင်ငွေဖြတ် ၊ ဒေသခံရွာသားတွေနဲ့ အဆက်ဖြတ် ပိတ်ဆို့ပြစ်တဲ့ နည်းလမ်းတွေကို ဆိုလိုတာပါ။

တိုင်းရင်းသား ဒေသတွေအပေါ် ခေတ်အဆက်ဆက် ယုတ်မာကောက်ကျစ်ခဲ့တဲ့ နည်းစနစ်တွေပေါ့။

ယနေ့ညမှ စ၍ ကချင်ပြည်နယ်မြို့နယ်များအနှံ့ စစ်ကောင်စီမှ ဖုန်းအင်တာနက်များကို ဖြတ်တောက်

ဩဂုတ်(၂၀)၊၂၀၂၁ – ဗန်းမော်၊ ဖားကန့် အပါအဝင် ကချင်ပြည်နယ် ရဲ့ မြို့နယ် အနှံ့ အပြားတွင် စစ်ကောင်စီမှ မိုဘိုင်းဒေတာ ဖုန်းလိုင်း ဖြတ်တောက်မှုများ စတင်ပြုလုပ်ရန် အော်ပရေတာများကို ညွန့်ကြားထားပြီး

ယနေ့ညမှ စ၍ အချို့သောမြို့များတွင် ဖုန်းအင်တာနက်များ ပြတ်တောက်သွားပြီဖြစ်ကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်မှ ရဲဘော်များလည်း အားတင်းထားကြပါ။ သင်တို့ကို ပြည်မကနေ ဝမ်းပမ်းတသာနဲ့ ထောက်ခံကြိုဆိုနေပါတယ်။ ငါတို့အားလုံး အတူတူအောင်ပွဲဆင်နွှဲရမယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply