ချစ်သူတွေကြားမှာ တတိယလူမရှိရအောင် ဒါလေးတွေ လုပ်ကြည့်ပါ

Knowledge

ကိုယ့်ချစ်သူ ကိုယ့်အနားက ထွက်မသွားအောင်

ကိုယ့်အနေနဲ့ တချို့ကိစ္စတွေမှာ ဆင်ခြင်ဖို့ လိုပါတယ်။

ချစ်ရင် ဘယ်လိုပဲဖြစ်ဖြစ် အနားနေမှာပဲလို့တော့ မတွေးသင့်ပါဘူး။

ဘယ်သူမဆို အသည်းကွဲလို့ စိတ်ညစ်တဲ့ ဒဏ်၊ ချစ်သူနဲ့ ဝေးရတဲ့

အလွမ်းဒဏ်ကိုလည်း မခံချင်ကြပါဘူး။

ဒီလိုမျိုး အလွမ်းဒဏ်တွေ မခံရချင်ဘူးဆိုရင်တော့

ကိုယ့်ချစ်သူ ကိုယ့်အနားက ထွက်မသွားအောင် ကြိုးစားရမှာပဲ။

ချစ်ရင် ဘယ်လိုပဲဖြစ်ဖြစ် အနားနေမှာပဲလို့တော့ မတွေးသင့်ပါဘူးနော်။

ဘယ်လောက်ချစ်ချစ် ကိုယ့်စိတ်ပင်ပန်းလွန်းအားကြီးလာရင်

ခွဲခွာခြင်းတွေ ဖြစ်လာမှာပဲလေနော်။ ဒီတော့ ကိုယ့်ချစ်သူ

ကိုယ့်နားက ထွက်မသွားစေဖို့၊ နောက်လူနောက် မပါသွားစေဖို့

ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ ပြောပြပါမယ်။

ဂရုစိုက်ပါ

ချစ်သူနှစ်ဦးကြားမှာ ခံစားချက်တွေကို ဂရုစိုက်ဖို့ လိုပါတယ်။

သူ့ရဲ့ခံစားချက်ကို ဂရုစိုက်ပေးဖို့ လိုသလို ကိုယ့်ခံစားချက်ကိုလည်း

ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီလို ညီမျှတဲ့သူတွေမှသာ လက်တွဲလို့ ရမှာပါ။

သူဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ သိဖို့ လိုသလို

မေးလည်း မေးပါ။ ကိုယ့်ခံစားချက်ကိုလည်း ပြောပြပေးပါ။

တစ်ယောက်ခံစားချက်ကို ခံစားနားလည်ပေးနိုင်မှသာ

ရေရှည်လက်တွဲလို့ ရပြီး ချစ်သူကထားခဲ့တာမျိုး မဖြစ်မှာပါ။

မဆိုးပါနဲ့

ချစ်သူသမီးရည်းစားအတွဲတစ်တွဲမှာ သည်းခံတဲ့သူဆိုတာ ရှိပါတယ်။

တချို့အတွဲတွေမှာ ယောကျ်ားလေးက သည်းခံတာတွေ ရှိသလို

မိန်းကလေးက သည်းခံတာတွေလည်း ရှိပါတယ်။

ဘယ်သူကပဲ သည်းခံသည်းခံ အတိုင်းအတာတစ်ခုရှိတယ်ဆိုတာကို

မမေ့ပါနဲ့။ သူ ငါ့ကို သည်းခံတာပဲလေ ငါဘာလုပ်လုပ် သည်းခံမှာပဲလို့

မတွေးပါနဲ့။ သည်းခံတိုင်းဆိုးနေမယ်ဆိုရင်ချစ်သူက စိတ်ကုန်လာပါလိမ့်မယ်။

သံသယတွေ လျှော့ပါ

ချစ်သူကို သံသယတွေ လျှော့ပါ။

ဘယ်သူကမှ သံသယတွေနဲ့ မနေချင်ပါဘူး။

ကိုယ်တိုင်လည်း သံသယဝင်စေမယ့် ကိစ္စတွေ

မလုပ်မိအောင်တော့ လိုတာပေါ့။

မယုံကြည်တာတွေ များလာတဲ့အခါ စိတ်လျှော့လက်လျှော့ပြီး

လမ်းခွဲသွားမှာ သေချာပါတယ်။

ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းပါ

စုံတွဲလေးတို့ ကြားထဲမှာ ထားသင့်တဲ့ နားလည်မှုတွေထဲမှာ

ဘယ်ကိစ္စမဆို ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းထားပါ။

စိတ်တွေဆိုး ရန်တွေဖြစ်ကြတဲ့အခါ

စိတ်နာအောင် ပြောဆိုတာမျိုး မလုပ်ပါနဲ့။

ဆိုးရွာအောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ။

ဒါဆို ပြေလည်မှာပါ။

ချစ်သူဆီကနေ အများကြီး မမျှော်လင့်ပါနဲ့

တခါတစ်လေမှာ ကိုယ့်စိတ်ကို ကိုယ့်ချစ်သူက

ရာနှုန်းပြည့် သိနေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။

ဘယ်သူကမှ ကိုယ့်ရဲ့စိတ်ကို ရာနှုန်းပြည့် မသိနိုင်ပါဘူး။

တချို့ချစ်သူတွေမှာ နားလည်မှု လွဲတာကတော့

ငါ့စိတ်ကို အကုန်မသိရကောင်းလားဆိုပြီး

စိတ်ဆိုးကြ၊ ရန်ဖြစ်ကြတာမျိုးပါပဲ။

ကိုယ့်စိတ်ကို အမြဲသိနေရမယ်၊

အမြဲစိတ်တိုင်းကျ ဖြစ်နေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။

ပြဿနာကိုပဲ ဦးတည်ဖြေရှင်းပါ

ရန်မဖြစ်တဲ့ စုံတွဲရယ်လို့ မရှိပါဘူး။

ဖြေရှင်းတဲ့အချက်ပေါ် မူတည်ပြီး

ပြန်လည်ပြေလည်ကြတာပါ။

ပြဿနာ တက်တဲ့အခါမှာ ဖြစ်တဲ့ ပြဿနာကိုပဲ

ဦးတည်ပါ။ အရင်က ပြဿနာတွေကို ဆွဲထည့်တာမျိုး၊

ပြန်အစဖော်တာမျိုး မလုပ်ပါနဲ့။

ပြဿနာကိုပဲ ဦးတည်ပြီး ဖြေရှင်းမှ

အမြန်ဆုံးနဲ့ အကောင်းဆုံး ပြေလည်မှာပါ။

အလေးထားပါ

ကိုယ့်ချစ်သူကို ကိုယ်ကိုယ်တိုင်က အလေးထားမှသာ

ကျန်တဲ့သူတွေကလည်း အလေးထားမယ်ဆိုတာ သတိရပါ။

ကိုယ်ကိုယ်တိုင်ကမှ ချစ်သူကို အော်ငေါက်နေတယ်

လေးလေးစားစား မဆက်ဆံဘူးဆိုရင်

သူများကလည်း အလေးမထားပါဘူး။

လူကြားထဲမှာ အော်တာမျိုးတွေ မလုပ်ပါနဲ့။

ခဏခဏ လူကြားထဲ အော်‌ေငါက်တာမျိုးက

ကိုယ့်ကို စိတ်ကုန်သွားစေနိုင်တဲ့ အချက်တွေထဲက တစ်ချက်ပါ။

ဂရုမစိုက်တဲ့ ပုံစံ မပြပါနဲ့

စုံတွဲလေးတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ

ထားရမယ့် နားလည်တွေထဲမှာ ဂရုမစိုက်တဲ့

ပုံစံပြတာလည်း ပါဝင်ပါတယ်။ ဂရုမစိုက်တဲ့ ပုံစံ ပြတာတွေက

နားလည်လွဲစေနိုင်တဲ့အပြင် နှလုံးသားတွေ ဝေးစေနိုင်ပါတယ်။

ဒါကြောင့် ဂရုမစိုက်တာမျိုး မလုပ်ပါနဲ့။

အရွဲ့မတိုက်ပါနဲ့

ချစ်သူတွေ ပြတ်စဲကြတဲ့ အချက်တွေထဲမှာ အရွဲ့တိုက်တာပါပဲ။

အရွဲ့တိုက်တာက နောက်ရည်းစားထားပြတာမျိုး၊

နောက်တစ်ယောက်နဲ့ ရှုပ်ပြတာမျိုးတွေပေါ့။

ဒါက ချစ်သူတွေကြား အထင်လွဲတာမျိုး ဖြစ်စေတဲ့အပြင်

ပြတ်စဲသွားတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

အပြစ်တင်ပြောဆိုတာတွေ လျှော့ပါ

ကိုယ့်ချစ်သူကို အပြစ်တွေ ခဏခဏ ပြောဆိုတာမျိုး မလုပ်ပါနဲ့။

ခဏခဏ အပြစ်တင်‌ေပြောဆိုနေမယ်ဆိုရင် ကြာလာတဲ့အခါ

ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန်လာပြီး ထားသွားမှာ သေချာပါတယ်။

Leave a Reply