ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဒုဗိုလ်မှုကြီးတဦး၏ တိုင်ကြားမှုဖြင့် ဖမ်းဆီးပြီးအင်းစိန်ထောင်ပို့

Local News

ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဒုဗိုလ်မှုကြီးတဦး၏ တိုင်ကြားမှုဖြင့် ဖမ်းဆီးပြီးအင်းစိန်ထောင်ပို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဒုဗိုလ်မှုကြီးတဦး၏ တိုင်ကြားမှုဖြင့် ဖမ်းဆီးပြီးအင်းစိန်ထောင်ပို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ကိုဇေသီဟ ကို ဗဟန်းမြို့နယ်က နေအိမ်မှာ ဒီကနေ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် အင်းစိန်အကျဉ်းထောင်ကိုပို့လိုက်တယ်လို့ ရဲအသိုင်းအဝိုင်းကသိရပါတယ်။

ဇေကမ္ဘာဦးခင်ရွှေနဲ့သားဖြစ်သူ ကိုဇေသီဟ တို့ကို ဒီကနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

သူတို့နှစ်ဦးကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အဦးကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှုကြီးတဦးက ဖေဖော်ဝါရီ ၁၁ ရက်က ဗဟန်းမြို့မရဲစခန်းမှာတိုင်ကြားခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

“ဦးခင်ရွှေရော သူ့သားရော စခန်းမှာမရှိဘူး၊ အင်းစိန်ထောင်ကိုပို့လိုက်ပါပြီ”လို့ အဲ့ဒီရဲအရာရှိက ပြောပါတယ်။

ဇေကမ္ဘာဦးခင်ရွှေနဲ့အပေါင်းအပါတွေကို ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၄ နဲ့ဖေဖော်ဝါရီ ၁၁ ရက်က ဗဟန်းမြို့နယ်ရဲစခန်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းကသိရပါတယ်။

လက်ရှိမှာတော့ ဇေကမ္ဘာဦးခင်ရွှေနဲ့သားဖြစ်သူ ဇေသီဟကို စစ်တပ်နဲ့ရဲတွေက ဗဟန်းမြို့မရဲစခန်းကနေ အင်းစိန်အကျဉ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ရေးသားသူ – voiceofmyanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချကတွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။/

Leave a Reply