မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား

Local News

မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁
စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် DSA စစ် တက္က သိုလ် အပတ်စဉ် ၆၄ သင် တန်း ဆင်းပွဲတက်ရန် ယနေ့ ပြင်ဦးလွင် ရောက်ရှိ မည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ် များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့ တွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၄ သင်တန်းဆင်းပွဲ တက်ရောက်မည် ဖြစ်ကြောင်း ၊ ယင်းနောက် နောက်ရက်များတွင် DSTA စစ်နည်း ပညာ တက္ကသိုလ် ကျောင်းဆင်းပွဲပါ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်၏ တပြေးညီ ဟန်ဆောင်ထမင်းဝိုင်း။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မိတ္တီလာလေတပ်တွင် ကျင်းပမည့် အကြမ်းဖက် စစ်တပ်၏ လေတပ် ၇၅ နှစ် မြောက် စိန်ရတုနှစ်ပတ်လည် ပွဲသို့ တက် ရောက်မည်ဖြစ် ကြောင်း၊ယင်းလေတပ် စိန်ရတု နှစ်ပတ် လည်ပွဲတွင် ရုရှား ထုတ် SU-30 တိုက်လေယာဉ်သစ်များကို တပ်တော်ဝင်ခြင်းနှင့် အလှပြ ပျံသန်းမှု များ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
“စိန်ရတုလေတပ်နှစ်ပတ်လည်ကိုတော့ တော်တော်ခမ်းခမ်းနားနားလုပ်မယ်။ ရုရှားအဖွဲ့တွေလည်း ဖိတ်ထားတယ်။ လာမယ်။ လေယာဉ်အသစ်တွေ တပ် တော်ဝင်မယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ခရီးစဉ်များအတွက် ရောက်ရှိချိန်နှင့် ထွက်ခွာမည့်အချိန်၊ သွားမည့် လမ်း ကြောင်း ခ ရီးစဉ်များကို ကြိုတင် မပြောဘဲ လုံခြုံရေးအရ အလျဉ်းသင့်သလို ဆောင် ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။