ဗိုလ်မှူးကြီးစိန်အောင် မီတာခ သိန်း ၁၉၀ ကျော်အကြွေးကျန်သော်လည်း EPC မီးမဖျက်ရဲ

Local News

ဗိုလ်မှူးကြီးစိန်အောင် မီတာခ သိန်း ၁၉၀ ကျော်အကြွေးကျန်သော်လည်း EPC မီးမဖျက်ရဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗိုလ်မှူးကြီးစိန်အောင် မီတာခ သိန်း ၁၉၀ ကျော်အကြွေးကျန်သော်လည်း EPC မီးမဖျက်ရဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစိန်အောင် မှာ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် မီတာခကြွေးကျ/န် သိန်း ၁၉၀ ကျော်သော်လည်း ယခုထိမီးမဖြတ်သေးပါ။

EPC မှတ်တမ်းများအရ အမှတ် တိုက် ၃၀၆၊ အခန်း ၁၂၊ ရန်အောင်လမ်းနေ ဗိုလ်မှူးကြီး စိန်အောင်မှာ ငွေစာရင်းအမှတ် 33/19/15 ၊ မီတာအမှတ် G-2595 ၊ ငွေတောင်းခံလွှာ 00019228 ၊ နှုန်းထား 1011 ၊ မီတာဖတ်သည့်နေ့ 05-03-2022 တွင် မီတာခ သိန်း ၁၉၀ ကျော်ကျသင့်နေပြီ ဖြစ်ပါသည်။

ဓာတ်အားခ 123,050 Ks ၊ မီတာဝန်ဆောင်ခ 500 Ks နှင့် ကြွေးကျန်ငွေစုစုပေါင်း 18,936,175 Ks ရှိပြီး အားလုံးပေါင်း ကျသင့်ငွေ 19,059,725 Ks သိန်း ၁၉၀ ကျော်ကျသင့်မည် ဖြစ်သည်။

မီတာဖတ်သည့်နေ့ 05-03-2022 မှ နောက်ဆုံးရက် 25-03-2022 ဖြစ်ပြီး အဆိုပါနေ့ကျော်၍ မီတာမဆောင်ပါက ဓာတ်အားဖြတ်တောက်မည်ဟု မီတာချလံတွင် အတိအလင်းရေးသားထားပါသည်။

သို့သော်လည်း အဆိုပါ ဗိုလ်မှူးကြီးအား ယခုထိတိုင် မီတာဖြတ်တောက်ခြင်းမရှိပါ။ ဤသည်မှာ စစ်အာဏာရှင်စနစ်၏ ဆိုးမွေဖြစ်ကြောင်း ပြည်သူများ သိစေရန် တင်ပြအပ်ပါသည်။

ရေးသားသူ – ဘခက်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချကတွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။/

Leave a Reply