၁၀ ဂိုးပြတ်နဲ့ဂျပန်အသင်းကိုထပ်မရှုံးစေရဘူးဆိုတဲ့ ကတိတိုင်း ၅ ဂိုးပြတ်နဲ့ပဲကပ်ရှုံးခဲ့တဲ့ မြန်မာအသင်း

Local News Sports
၁၀ ဂိုးပြတ်နဲ့ဂျပန်အသင်းကိုထပ်မရှုံးစေရဘူးဆိုတဲ့ ကတိတိုင်း ၅ ဂိုးပြတ်နဲ့ပဲကပ်ရှုံးခဲ့တဲ့ မြန်မာအသင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၀ ဂိုးပြတ်နဲ့ဂျပန်အသင်းကိုထပ်မရှုံးစေရဘူးဆိုတဲ့ ကတိတိုင်း ၅ ဂိုးပြတ်နဲ့ပဲကပ်ရှုံးခဲ့တဲ့ မြန်မာအသင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၀ ဂိုးပြတ်နဲ့ဂျပန်အသင်းကိုထပ်မရှုံးစေရဘူးဆိုတဲ့ ကတိတိုင်း ၅ ဂိုးပြတ်နဲ့ပဲကပ်ရှုံးခဲ့တဲ့ မြန်မာအသင်း

ဂျပန်အသင်းဟာ ပွဲအပြီးမှာ မြန်မာအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။မောင်မောင်လွင်ပြောသလိုပဲ မြန်မာအသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလို ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိနဲ့ မရှုံးအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbenirကတော့ ပွဲပြီး အင်တာဗျူးမှာ “ဒီနေ့ပွဲအတွက် ခံစစ်ကို ဦးစားပေး ပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဒီပွဲ အတွက်က ကျွန်တော်တို့မှာ စိန်ခေါ်မှု တွေ အများကြီး ရှိပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျွန်တော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။

ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်။ နောက်ပွဲတွေ ကြုံတွေ့ ရမယ့် မြောက်ကိုရီးယား၊ ဆီးရီးယား တို့က အင်အားကြီး အသင်းတွေ ဆိုပေမဲ့ ဒီနေ့ ကစားရတဲ့ ဂျပန်ထက်စာရင် ကျွန်တော်တို့ အခွင့်အရေး ရှိနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်၊ ရန်ကုန်မှာ မြောက်ကိုရီးယား အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ပွဲ နဲ့တော့ အစစအရာရာ ကွာခြားပါလိမ့်မယ်၊ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကျွန်တော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ၊ ဂျပန်အသင်းနဲ့ ဒီနေ့ ပွဲလိုခံစစ်ပုံစံမျိုး မဟုတ်ဘဲ မတူညီတဲ့ဟန်နဲ့ ကစားမှာပါ။ မြောက်ကိုရီးယားဆီကနေ အမှတ်ရအောင် ယူဖို့ကြိုးစားပါမယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်ချက်ပါ”ဆိုပြီး ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –ballpwel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။