မြန်မာနိုင်ငံမြေပုံအပေါ်ပိုင်းကို တရုတ်နိုင်ငံ​​ပိုင်နက်ထဲ ထည့်ထားတဲ့ Crazy Alien ရုပ်ရှင်

International News Local News

မြန်မာနိုင်ငံမြေပုံအပေါ်ပိုင်းကို တရုတ်နိုင်ငံ​​ပိုင်နက်ထဲ ထည့်ထားတဲ့ Crazy Alien ရုပ်ရှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာနိုင်ငံမြေပုံအပေါ်ပိုင်းကို တရုတ်နိုင်ငံ​​ပိုင်နက်ထဲ ထည့်ထားတဲ့ Crazy Alien ရုပ်ရှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခု တရုတ်နိုင်ငံမှာ ရုံတင်နေတဲ့ ၅ပတ် ဆက်တိုက်အောင်ပွဲခံနေပြီး ဝင်ငွေ စံချိန်ချိုးနေတယ် ဆိုတဲ့ Crazy Alien ဆိုတဲ့ ကားထဲက တရုတ်နိုင်ငံမြေပုံက မြန်မာနိုင်ငံအရှေ့ပိုင်း တခြမ်းလုံးကို သူတို့မြေပုံထဲ ထည့်ထားတာ ဘာသဘောလဲ …?

ဒီကိစ္စကို လက်ခံပေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ မြောင်းထဲရောက်သွားတာလို့ပဲ မြင်တယ်။ သံရုံးကို ခေါ်ပြီး ကန့်ကွက်သင့်တယ်လို့မြင်တယ်။ တကမ္ဘာလုံးက ကြည့်နေတဲ့ဇာတ်ကားကြီး ဖြစ်တယ်။

အမြန်ဆုံး ရုပ်ရှင် ထုတ်လုပ်ရေးကို တရားစွဲသင့်တယ်။ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီး ရှက်တတ်ကြရဲ့လား??

ရေးသားသူ – နိုင်ဇော်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။