အဦးပြုရသောယတြာ

Astrology

အဦးပြုရသောယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဦးပြုရသောယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဦးပြုရသောယတြာ

မိမိရဲ့ရောက်ဆဲအသက်အပိုင်းအခြားအတွင်းမှာ ကျန်းမာရေးကောင်းဖို့
အလုပ်အကိုင်တွေအဆင်ပြေဖို့အန္တရာယ်ကင်းဖို့ အတွက်ပြုလုပ်ရတဲ့ယတြာတစ်ခုရှိပါတယ်။

အဲဒါကတော့ ကျွန်တော်တို့ အဘ၀ိဇ္ဇာဒေါက်တာမင်းသိင်္ခရဲ့မူပိုင်ယတြာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ တပြည့်တွေကို သင်ကြားပေးခဲ့တဲ့ အစွမ်းထက်ယတြာများစွာထဲက ယတြာတစ်ခု ဖြစ်ပါတယ်။

အဲဒါကို “အဦးပြုရသောယတြာ” လို့ခေါ်ပါတယ်။
တစ်နှစ်အတွင်း မွေးလ နဲ့မွေးရက် တိုက်ဆိုင်ကျရောက်တဲ့ မိမိရဲ့ မွေးနေ့မှာ
အရင်ဦးဆုံးပြုလုပ်ရတဲ့ ယတြာဖြစ်တဲ့အတွက် “အဦးပြုရသောယတြာ”လို့ခေါ်ခြင်းဖြစ်ပါတယ်။

ကျရောက်တဲ့အသက်အပိုင်းအခြားအတွင်း
မကြာမကြာပြုလုပ်ပေးရတဲ့အတွက်
မွေးနေ့ မွေးလ မွေးရက်ကျော်သွားရင်လည်း
အသက်တစ်နှစ်မပြောင်းမချင်း
လုပ်ပေးနေလို့ရပါတယ်။

မွေးနေ့ကျရောက်တဲ့ အသက်အပိုင်းအခြားကို
” (၁) ” ပေါင်းထည့်ပေးရပါမယ်။

ဥပမာလာမယ့်… ၂၀၂၂ မေလ ၃၀ ရက်နေ့ဟာ
သင့်အသက် (၂၅)နှစ်တင်းတင်းပြည့်သည်ဆိုပါစို့။

ဒါဆိုသင့်အနေနဲ့ (၂၆)နှစ်လို့ သတ်မှတ်ရမှာဖြစ်ပြီးနေ့သားအလိုက် (၂၆) နှစ်နဲ့က်ဆိုင်တဲ့
ယတြာတွေကိုမကြာမကြာပြုပေးရပါမယ်။

တွက်နည်းကတော့… မိမိရဲ့ရောက်ဆဲအသက်ကို ( ၈ ) နဲ့ ÷ ပြီးအကြွင်းအတိုင်းသက်ဆိုင်ရာနေ့သားအလိုက်အောက်ပါအတိုင်းပြုလုပ်ပေးရပါမယ်။

(၁) မှ (၇) အတွင်းရှိဂဏန်းများမှာ
(၈) နှင့် မ ÷ လောက်တဲ့
ဂဏန်းတွေဖြစ်တဲ့အတွက်အကြွင်းလို့ယူဆပါ။
ဥပမာ (၅) ဂဏန်းသည် (၈) နှင့်မ ÷ လောက်၍ (၅) ကြွင်းတယ်လို့ယူပါ။

ကဲ… ဒီလောက်ဆိုရင် တွက်နည်းကို
သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ဒီတော့ ဖေါ်ပြပါတွက်နည်းအတိုင်းတွက်ပြီး
သက်ဆိုင်ရာနေ့သားအလိုက်ပြုလုပ်ရမယ့်ယတြာတွေပြုလုပ်ကာ အစစ အရာရာအဆင်ပြေကြပါစေ။

၁။တနင်္ဂနွေ သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ…
၂။တနင်္လာ သားသမီးများ (၀) ကြွင်းလျှင်ဖြစ်စေ…
၃။အင်္ဂါ သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ…
၄။ဗုဒ္ဓဟူး သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
၅။ကြာသပတေး သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ…
၆။သောကြာ သားသမီးများ (၂) ကြွင်းလျှင်ဖြစ်စေ…
၇။စနေ သားသမီးများ (၅) ကြွင်းလျှင်ဖြစ်စေ…
နှင်းဆီပန်း (၆) ပွင့် – ဘုရားလှူ၍နို့ဆီဗူးအသစ် ဘုန်းကြီးလှူပါ။

~၁။တနင်္ဂနွေ သားသမီးများ (၂) ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ…
~၃။အင်္ဂါ သားသမီးများ (၀) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ (၅) ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၃) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
ဆိတ်သား ~ ဆတ်သား ကြော် နှင့်စိန်ချယ်ပန်း ဘုရားလှူပါ။

~၁။တနင်္ဂနွေ သားသမီးများ( ၃) ကြွင်းလျှင်ဖြစ်စေ (၄) ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၂ )ကြွင်းလျှင်ဖြစ်စေ ၊(၃)ကြွင်းလျှင်ဖြစ်စေ….
~၃။အင်္ဂါ သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ
၊(၂) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ၊ (၀) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ(၆)ကြွင်းလျှင်ဖြစ်စေ ၊ (၇) ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ၊ (၅) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ
၊(၀) ကြွင်းလျှင်ဖြစ်စေ…
သာသနာ့အလံ (၇ )ချောင်းပေါ်တွင်
” အောင်လံထိုး – ဟိုးဟိုးကျော် ” ဟုရေး၍
အိမ်ဘုရားတွင်လှူလိုက်ပါ။ အုန်းနို့ချက်လှူပါ။

~၁။တနင်္ဂနွေ သားသမီးများ (၅ )ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ…
~၃။အင်္ဂါ သားသမီးများ (၃) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၂) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ(၀)ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ…

အိမ်ဘုရားတွင်ကြေးပန်းအိုးအသစ်နှင့်
ဘုရားပန်းအိုးပူဇော်၍ကြက်ဥပေါင်းဘုရားလှူပါ။

~၁။တနင်္ဂနွေ သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၅)ကြွင်းလျှင်ဖြစ်စေ…
~၃။အင်္ဂါ သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၃) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ(၁)ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီးများ (၂) ကြွင်းလျှင်ဖြစ်စေ…

ရွှေထီး ၃ လက်ဘုရားလှူ၍ နို့ဆီ နှင့်
လျှက်ဆားဘုန်းကြီးကိုလှူပါ။

~၁။တနင်္ဂနွေ သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
~၃။အင်္ဂါ သားသမီးများ (၅) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ(၂​)ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၀) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီများ (၃) ကြွင်းလျှင်ဖြစ်စေ…

ဘုရား ကို ပန်းမွေ့ယာလှူ ၍
ရဟန်းတော် များကိုဘဲဥဟင်းလှူပါ။

~၁။တနင်္ဂနွေ သားသမီးများ (၀) ကြွင်းလျှင်ဖြစ်စေ…
~၂။တနင်္လာ သားသမီးများ (၇) ကြွင်းလျှင်ဖြစ်စေ…
~၃။အင်္ဂါ သားသမီးများ (၆) ကြွင်းလျှင်ဖြစ်စေ…
~၄။ဗုဒ္ဓဟူး သားသမီးများ (၅) ကြွင်းလျှင်ဖြစ်စေ…
~၅။ကြာသပတေးသားသမီးများ(၃)ကြွင်းလျှင်ဖြစ်စေ…
~၆။သောကြာ သားသမီးများ (၁) ကြွင်းလျှင်ဖြစ်စေ…
~၇။စနေ သားသမီးများ (၄) ကြွင်းလျှင်ဖြစ်စေ…
သိကြားပွဲနှင့်အတူ
သပိတ်ထဲတွင် သရက်သီးထည့်၍ ဘုရားသို့လှူပါ။ ထို့ပြင် ဘုန်းကြီးကို သင်္ကန်းလှူ/သင်းပိုင် လှူပါ။

သကြားပွဲဆိုတာ…
ဖီးကြမ်းဌက်ပျောသီး (၁၀) လုံးကိုအခွံနွှာပြီး
ကြွေပန်းကန်ပြားတစ်ချပ်ထဲကို ထည့်ပါ ။
ထို့နောက်အပေါ်မှ သကြားဖြူး၍
ပန်းကန်၏အလယ်မှာ ဖယောင်းတိုင်စိုက်ပြီး
ဘုရားကို ပူဇော်ခြင်းဖြစ်ပါတယ်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။