အခြေခံစားသောက်ကုန်‌ စျေးမတက်ရေး ဖြေရှင်းသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်စကားအပေါ် အယုံအကြည်မရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ

Local News

အခြေခံစားသောက်ကုန်‌ စျေးမတက်ရေး ဖြေရှင်းသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်စကားအပေါ် အယုံအကြည်မရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခြေခံစားသောက်ကုန်‌ စျေးမတက်ရေး ဖြေရှင်းသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်စကားအပေါ် အယုံအကြည်မရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မတ်လ ၃ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေး၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခြေခံစားသောက်ကုန် စျေးမတက်ရေး ဖြေရှင်းသွားမည်ဟု ထုတ်ဖော်ပြောဆိုသည်။

ယင်းကဲ့သို့ ပြောဆိုမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များကမူ အခြေခံစားသောက်ကုန်စျေးတက်နေသည့် အပေါ် ဖြေရှင်းရန် မဖြစ်နိုင်ဘူးဟု ပြောဆိုကြသည်။

” မြန်မာပြည်သူပြည်သားတွေ တုတ်တုတ်မှ မလှုပ်ရဲအောင် ချုပ်ကိုင်နိုင်ခဲ့တဲ့ ဗိုလ်နေဝင်း တောင် လူထုရဲ့မေတ္တာမရတော့ ကုန်ဈေးနှုန်းတွေ၊စီးပွားရေးတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ မင်းအောင်လှိုင်အနေနဲ့ ဖြေရှင်းမယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲထင်ပါတယ် ” ဟု မန္တလေးမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအ​နေဖြင့် ယခင် န.အ.ဖ အစိုးရလက်ထက် ကျင့်သုံးခဲ့သည့် တံခါးပိတ်စီးပွားရေးမူဝါဒကို ပြန်လည်ကျင့်သုံးလာနိုင်ဖွယ်ရှိပြီး စီးပွားရေးဆိုင်ရာအကြပ်အတည်းများနှင့် ပတ်သတ်ပြီး တရုတ်၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံများအပေါ် အားကိုးလာနိုင်သည်ဟု မြန်မာ့စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုသည်။


စစ်အာဏာသိမ်း​ပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု အများစုမှာ ပြည်တွင်းမှ အစုလိုက်အပြုံလိုက် ထွက်ခွာလျှက်ရှိနေပြီး လက်ရှိတွင် နိုင်ငံခြားဝင်ငွေ နည်းပါးနေသည့် အပေါ် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အဖိုးတန်သယံဇာတများ ထုတ်ရောင်းခြင်းဖြင့် ဖြေရှင်းရန်ကြိုးစားလာနိုင်သည်ဟု စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ထားသည်။

” ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့စီးပွားရေးက လုံးဝကို ကျဆင်းနေတယ်။ အဲ့ဒီ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေကို န.အ.ဖ အစိုးရလက်ထက်က တံခါးပိတ်စီးပွားရေးအခြေအနေကို ပြန်သွားနေသလားလို့ ယူဆရတယ်။ ပြညတွင်းမှာ နိုင်ငံခြားဝင်ငွေ နည်းပါးနေတဲ့ အပေါ်မှာလည်း အဖိုးတန်သယံဇာတတွေ ထုတ်ရောင်းပြီး ရှင်းလင်းနိုင်မယ်လို့ သူတို့ ယူဆထားပုံရတယ်။ စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေကိုတော့ တရုတ်၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံတွေကိုပဲ စစ်ကောင်စီအနေနဲ့ အားကိုးလာနိုင်တယ် ” ဟု ပြည်တွင်းစီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။


အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလအတွင်း အခြေခံစားသောကုန်စျေးနှုန်းများ ယခင် အာဏာမသိမ်းမှီကာလကထက် မြင့်တက်လျှက်ရှိနေသည်။

လက်ရှိတွင် ဆန်တစ်အိတ်လျှင် ၅ သောင်းကျော် ၊ စားအုန်းဆီ ၁၀ သားလျှင် ၁ ထောင်ကျပ်၊ အခြားသောအခြေခံ စားကုန်များဖြစ်သည့် အိုင်အိုဒင်းဆား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်နီစသည့် စားကုန်များအားလုံးနီးပါးလည်း ယခင်ထက် ဈေးနှုန်းများ၂ ဆ မြင့်တက်လျှက်ရှိနေကြောင်း အခြေခံစားသောက်ကုန် ရောင်းချနေသူများထံမှ သိရသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။