“ဘယ်တော့မှ အရှုံးမပေးပါနဲ့”ဆိုတဲ့ အသက်ကြီးမှ မဟာဘွဲ့ရယူခဲ့သူ

International News Local News

“ဘယ်တော့မှ အရှုံးမပေးပါနဲ့”ဆိုတဲ့ အသက်ကြီးမှ မဟာဘွဲ့ရယူခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ဘယ်တော့မှ အရှုံးမပေးပါနဲ့”ဆိုတဲ့ အသက်ကြီးမှ မဟာဘွဲ့ရယူခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အဘွား ဂျိုအန် ဒိုနိုဗန် ကောလိပ်ဘွဲ့ရတော့ အသက် ၈၄ နှစ်ရှိပါပြီ။ သူ နောက်ထပ် သင်ယူဖို့ မရပ်တန့်ချင်ခဲ့တဲ့အတွက် မဟာဘွဲ့ရအောင် ဆက်ကြိုးစားခဲ့တယ်။ သူက စာရေးရတာဝါသနာပါတာကို သိပြီး သူ့ဝါသနာကို အထောက်အကူပြုမယ့် မေဂျာနဲ့ ဘွဲ့ယူခဲ့တာပါ။

သူ ကျောင်းတတ်တဲ့အချိန်တုန်းက ကျောင်းသွားတတ်ရတာကို ပျော်နေတာပါ။ ထူးချွန်ထက်မြက်တဲ့လူတွေ၊ ပရော်ဖက်ဆာတွေကို တွေ့ခဲ့ရတဲ့အပြင် သူ့ကို အားပေးကူညီပေးကြတဲ့သူတွေကလည်း ဝန်းရံနေခဲ့ကြတယ်လို့ အဘွားဒိုနိုဗန်ရဲ့ပြောစကားအရ သိရပါတယ်။

(၄) နှစ်အကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အဘွား ဒိုနိုဗန် (အခု အသက် ၈၉ နှစ်) က Creative Writing မေဂျာနဲ့ Southern New Hampshire Univeristy ကနေ မဟာဘွဲ့ရခဲ့ပါတယ်။

အခုဆို အဘွားဒိုနိုဗန်က ရိုမန့်-ဟာသဝတ္ထုနဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားဖို့အတွက် သူ့ရဲ့မဟာဘွဲ့ကို အသုံးချနေပါတယ်။ သူ့ရဲ့အတ္ထုပ္ပတ္တိက ဘဝရဲ့အခက်အခဲအတားအဆီးဆူးငြောင့်ခလုတ်တွေကို ကျော်လွှားတဲ့အကြောင်းဖြစ်မှာပါ။ “ကျွန်မရဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့အတွက် နှစ် ၆၀ စောင့်ခဲ့တယ်။ ဒါကြောင့် အခြားသူတွေ ဒီလောက်အကြာကြီး စောင့်စရာမလိုဖို့ မျှော်လင့်ပါတယ်”လို့ အဘွားဒိုနိုဗန်က ဆိုပါတယ်။

ဘဝမှာ သင်ယူခဲ့ရတဲ့ အရေးကြီးဆုံးအရာက ရာသက်ပန်သင်ယူသူနဲ့ ပျော်ရွှင်ရယ်မောတတ်သူဖြစ်ဖို့ပါပဲလို့ မြေး ၁၀ ယောက်နဲ့ မြစ် ၉ ယောက်ရှိတဲ့ အဘွားဒိုနိုဗန်က ဆိုပါတယ်။ အခြားသူတွေအတွက် သူ့ရဲ့အားပေးစကားက “ဘယ်တော့မှ အရှုံးမပေးပါနဲ့။ တစ်ခုခုအဆင်မပြေရင် ထပ်ကြိုးစားရုံပါပဲ။ နောက်ဆုံးကျရင် မင်းရဲ့အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ”တဲ့။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။