လေအား၊ ဒီရေအားတို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ဝိုင်းဝန်းစဉ်းစားကြရန် စစ်ခေါင်းဆောင် ပြောကြား

Local News

လေအား၊ ဒီရေအားတို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ဝိုင်းဝန်းစဉ်းစားကြရန် စစ်ခေါင်းဆောင် ပြောကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေအား၊ ဒီရေအားတို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ဝိုင်းဝန်းစဉ်းစားကြရန် စစ်ခေါင်းဆောင် ပြောကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က လေအား၊ ဒီရေအားတို့ဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ဝိုင်းဝန်းစဉ်းစားကြရန် ၄င်း၏စစ်ကောင်စီအဖွဲ့ဝင်များကို ပြောကြားလိုက်သည်။


စစ်ခေါင်းဆောင်က ယမန်နေ့(မတ် ၂၉ ရက်) ကပြု လုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ၄င်း၏ စစ်ကောင် စီအဖွဲ့ဝင်များကို ယခုကဲ့သို့ထည့်သွင်းစဉ်းစားရန် ပြောကြားခဲ့ခြင်းကို ၄င်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။


” လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုမူဝါဒနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှာသဘာဝအရင်းအမြစ်များရှိကြောင်း၊ သဘာဝအရင်းအမြစ်မှာလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကိုအထောက်အကူပေးတဲ့ ရေအား၊နေရောင်ခြည်အား၊လေအား၊ဒီရေအားတို့ဖြင့်လျှပ်စစ်ထုတ်လုပ်၍ရကြောင်း၊ တနင်္သါရီတိုင်း၊မွန်ပြည်နယ်၊ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့သည် လေတိုက်ခတ်သည့်ဒေသများဖြစ်သည့်အတွက် လေအားအသုံးပြုလျှပ် စစ်ဓာတ်အားထုတ်လုပ်ခြင်း(Wind Power)ကို အသုံးပြု ၍ရကြောင်း၊လေအားဟာနေ့ရောညပါအသုံးပြုလို့ရပြီး ရာသီမရွေးအသုံးပြုလို့ရသည့်အတွက် စွမ်းအင်ထုတ် လုပ်မှုတွင်ထည့်သွင်းစဥ်းစားသင့်တဲ့နည်းပညာတခုဖြစ်သဖြင့် ဝိုင်းဝန်းစဥ်းစားကြစေလိုကြောင်း” ​ပြောကြားခဲ့သည်။


ထို့ပြင် ဒီရေအတက်အကျကိုအသုံးပြုပြီး လျှပ်စစ်ဓာတ် အားထုတ်ယူလို့ရတဲ့နည်းပညာရှိတဲ့အတွက် မိမိတို့အနေနဲ့ထည့်သွင်းစဥ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။