ကုန်စျေးနှုန်းကြီးမှုကို တဖက်တလမ်းကထိန်းနိုင်အောင် ဝန်ကြီးဌာနတွေ အသုံးစားရိတ်ခြွေတာဖို့ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Local News

ကုန်စျေးနှုန်းကြီးမှုကို တဖက်တလမ်းကထိန်းနိုင်အောင် ဝန်ကြီးဌာနတွေ အသုံးစားရိတ်ခြွေတာဖို့ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုန်စျေးနှုန်းကြီးမှုကို တဖက်တလမ်းကထိန်းနိုင်အောင် ဝန်ကြီးဌာနတွေ အသုံးစားရိတ်ခြွေတာဖို့ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ၄င်း၏စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီး ဌာနများ အသုံးစားရိတ်ကိုတတ်နိုင်သမျှချွေတာသုံးစွဲကြရန် ပြောကြားလိုက်သည်။
ယမန်နေ့က ပြုလုပ်သည့် စစ်ကောင်စီအစိုးရအဖွဲ့အစည်း အဝေးတွင် ၄င်း၏လက်အောက်ရှိ ဝန်ကြီးများကို ယခုကဲ့ သို့မှာကြားခဲ့ခြင်းကို စစ်တပ်ပိုင် မီဒီယာများတွင် ဖော်ပြ သည်။


” ဝန်ကြီးဌာနများအနေနဲ့ အသုံးစားရိတ်ကို တတ်နိုင်သမျှချွေတာသုံးစွဲကြရန်လိုကြောင်း၊ချွေတာသုံးစွဲကြဖို့အတွက်တာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊

အဲ့ဒီလိုချွေတာသုံးစွဲခြင်းဖြင့်ကုန်စျေးနှုန်းကြီးမြင့်မှုကိုတဖက်တလမ်းကထိန်းသိမ်းနိုင်မှာဖြစ် ကြောင်း ” စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။


ထို့ပြင် စစ်ကောင်စီက ၄င်းတို့၏ဝန်ကြီးဌာနများမှ ရရှိသည့် စက်သုံးဆီခွဲတမ်းများကိုလည်း ဧပြီ ၁ ရက်နေ့ကစ၍ လျှော့ချမှာဖြစ်ပြီး ချွေတာသုံးစွဲကြရန် ဒု-စစ်ခေါင်း ဆောင် စိုးဝင်းက မတ်လဆန်းပိုင်းအစည်းအဝေးတွင် မှာကြားထားခဲ့ကြောင်း သိရသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။