ဇန်နဝါရီ ၁ ရက်စပြီး နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြန်လည် ပျံသန်းခွင့်ပြုလိုက်ပြီ

Local News

ဇန်နဝါရီ ၁ ရက်စပြီး နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြန်လည် ပျံသန်းခွင့်ပြုလိုက်ပြီ

ဒီဇင်ဘာ ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ

ပြန်လည် ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု

ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏

ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ်များတွင်

အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်‌၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ

ပိတ်ထားကြောင်း ထုတ်ပြန်ထားပြီး ယခုအခါ

ယင်းအမိန့်ကုန်ဆုံးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ

စတင်ပျံသန်းမှုများပြုလုပ်နိုင်ရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ် ပါတယ်။

Source Myanmar Platform

Leave a Reply