မန္တလေးသင်္ကြန်မှာ အလှပြလှည်ယာဉ်ဆုရတဲ့သူတွေထံက ဆုကြေးပြန်တောင်းခဲ့တဲ့ မန္တလေးစည်ပင်

Local News

မန္တလေးသင်္ကြန်မှာ အလှပြလှည်ယာဉ်ဆုရတဲ့သူတွေထံက ဆုကြေးပြန်တောင်းခဲ့တဲ့ မန္တလေးစည်ပင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးသင်္ကြန်မှာ အလှပြလှည်ယာဉ်ဆုရတဲ့သူတွေထံက ဆုကြေးပြန်တောင်းခဲ့တဲ့ မန္တလေးစည်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မန္တလေးသင်္ကြန်အကြိုနေ့က ပြုလုပ်ခဲ့တဲ့ အလှပြလှည်းယာဉ်ပြပွဲမှာ ဆုရသူတွေကိုစစ်ကောင်စီက ဆုကြေးချီးမြှင့်ခဲ့ပေမယ့်နောက်ကွယ်မှာတော့မန္တလေးစည်ပင်က ဆုကြေး ပြန်တောင်းသွားတယ်လို့သိရပါတယ်။
ဒီနှစ်မန္တလေးသင်္ကြန်ဖွင့်ပွဲနဲ့ ရတနာပုံအပန်းဖြေဥယျာဉ်ဖွင့်ပွဲတွေမှာ စစ်ကောင်စီက အလှပြလှည်းယာဉ်တွေကို ထည့်သွင်းပြသစေတာပါ။


အဲဒီအလှပြပြိုင်ပွဲမှာ ဆုရတဲ့ လှည်းယာဉ်တွေကို သင်္ကြန်အတက်နေ့က လူမြင်ကွင်းမှာ ဆုပေးခဲ့ပေမယ့် ပြန်လည်အပ်နှံခိုင်းခဲ့တာလို့ လှည်းယာဉ်ဆုရသူတွေနဲ့နီးစပ်သူတွေထံက တဆင့်သိရပါတယ်။
ဆုကြေးငွေပေးတာကို စစ်အုပ်စုရဲ့မန္တလေးဝန်ကြီးချုပ်က ချီးမြှင့်တာဖြစ်ပြီးစစ်တပ်ပိုင် ဝါဒဖြန့် ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။
ဆုကြေးကို ပထမဆု ကျပ်သိန်း(၅၀)၊ ဒုတိယဆု ကျပ်(၄၅)သိန်းနဲ့ တတိယဆု ကျပ်သိန်း(၄၀) ချီးမြင့်ခဲ့တာဖြစ်ပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။