အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်တဲ့ မင်းသားချော ဒေါင်း

Celebrity

အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်တဲ့ မင်းသားချော ဒေါင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်တဲ့ မင်းသားချော ဒေါင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ဒေါင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် အိတ်များရောင်း၍ရရှိသည့် အမြတ်ငွေ သိန်း ၁၅၀ ကျော်ကို Free Online Educational Institution Myanmar ( FOEIM) သို့လှူဒါန်းလိုက်သည်။


Daung Arts Corner အမည်ဖြင့် ပေ့ခ်ျကို မတ်လ ၃၀ တွင်ကျရောက်သည့် ဒေါင်း၏မွေးနေ့တွင် စတင်ဖွင့်လှစ်ကာ လိုအပ်နေသည့်နေရာများကိုထောက်ပံ့နိုင်ရန် ၎င်း၏အနုပညာဖန်တီးမှုနှင့် အမှတ်တရ ပစ္စည်းများရောင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒေါင်း၏ကိုယ်ပိုင်ဒီဇိုင်းနှင့်အိတ်များကို ပထမဆုံးအကြိမ်ရောင်းချခဲ့ခြင်းဖြစ်သည်။


“ကျွန်တော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ်( တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။”ဟု ပရိသတ်များကို အသိပေးထားသည်။


အဆိုပါအိတ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒေါင်း၏ ပရိသတ်များကို အားပေးခဲ့ပြီး မျှော်လင့်ထားသည်ထက်အားပေးခဲ့သောကြောင့် ပီတိဖြစ်ရကြောင်း ဒေါင်းကရေးသားထားသည်။
“ကလေးငယ်များကိုပညာတတ်လေးများဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းကလည်းကောင်းမွန်သောတိုင်းပြည်ဖြစ်လာစေဖို့တည်ဆောက်ခြင်းတမျိုးပါပဲဗျ။ ဒါကြောင့် ကျွန်တော့်ရဲ့ DAC page မှ ရရှိသော fund များအား ပညာရေးရံပုံငွေအဖြစ် လှူဒါန်းသုံးစွဲဖို့ရည်ရွယ်ထားပါတယ်ဗျ။ နောက်အသစ်ထပ်လာမယ့် project များမှာလည်း ယခုလိုပဲ ညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းပါဝင်လှူဒါန်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးတွေကိုကျွန်တော်တို့ အတူတကွပြုစုပျိုးထောင်ကြရအောင်ဗျ။” ဟု ကြေညာထားသည်။


Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။