ရန်ကုန်တွင် ည ၉ နာရီအချိန် လေယာဉ်သံများ ကြားပြီးနောက် မြို့နယ်အများစုတွင် မြူဆိုင်းသကဲ့သို့ မီးခိုးငွေ့များတွေ့လာရ

Local News

ရန်ကုန်တွင် ည ၉ နာရီအချိန် လေယာဉ်သံများ ကြားပြီးနောက် မြို့နယ်အများစုတွင် မြူဆိုင်းသကဲ့သို့ မီးခိုးငွေ့များတွေ့လာရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်တွင် ည ၉ နာရီအချိန် လေယာဉ်သံများ ကြားပြီးနောက် မြို့နယ်အများစုတွင် မြူဆိုင်းသကဲ့သို့ မီးခိုးငွေ့များတွေ့လာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ အပါအဝင် မြို့နယ်အများစုတွင် ည ၉ နာရီအချိန် လေယာဉ်သံများကြားရပြီးနောက် မြို့နယ်အများစုတွင် မီးခိုးငွေ့များ တွေ့မြင်ရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။


မြောက်ဥက္ကလာပ၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ အပါအဝင် မြို့နယ်အများစုတွင် မြူကျသကဲ့သို့ မီးခိုးငွေ့များ မြင်တွေ့ရခြင်းဖြစ်ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


“ည ၉ နာရီ လေယာဉ်သံတွေ ကြားရပြီးတော့မှ မီးခိုးငွေ့တွေ တွေ့ရတာ။ မြူတွေတော့ မဟုတ်ဘူး။ အိမ်ထဲတွေပါဝင်တာ။ မီးခိုးငွေ့တွေ။ လေယာဉ်နဲ့ ဖြန်းသွားတယ်ထင်တာပဲ။ မြူကျရင် လေယာဉ် ဘယ်ပျံလို့ရမလဲ။ ဘာတွေ ဖြန်းလဲတော့မသိဘူး” ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။


သန်လျင်မြို့နယ်နေထိုင်သူတစ်ဦးကလည်း လေယာဉ်ပျံသန်းမှု အသံကြားရ ပြီးနောက် မီးခိုးငွေ့များ သန်လျင်တွင်လည်း မြင်ရသည်ဟုဆိုသည်။
“သန်လျင်မှာလည်း မီးခိုးငွေ့တွေလိုပဲ အိမ်တွေ ရပ်ကွက်တွေ ဖုံးနေတယ်။


အောင်ချမ်းသာဘက်မှာ လေယဥ်ပျံသံကြားပြီးနောက် မြူခိုးပုံစံတွေ့ရတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိ အကြောင်းကြားချက်များအရ စမ်းချောင်း၊ မရမ်းကုန်း၊ သန်လျင်၊ မြောက် ဒဂုံ၊ ကမာရွတ်မြို့နယ်များ အပါအဝင် မြို့နယ်အများစုတွင် လေ ယာဉ်ပျံသန်းမှု အသံများကြားရပြီးနောက် မီးခိုးငွေ့များ ဖုံးလွှမ်းနေကြောင်း သိရှိရသည်။


ရန်ကုန်မြို့လယ်ခေါင် ပန်းဘဲတန်းတွင်လည်း မီးခိုးငွေ့များ တွေ့ရှိရပြီး ည ၁၁ နာရီ ၁၈ မိနစ်တွင်လည်း လေယာဉ်ပျံသန်းသံများ ထပ်မံကြားရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။