ပိုးဟပ်ရောင်းပြီး စီးပွားဖြစ်နေတဲ့ အာဖရိက နိုင်ငံသား

International News

ပိုးဟပ်ရောင်းပြီး စီးပွားဖြစ်နေတဲ့ အာဖရိက နိုင်ငံသား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပိုးဟပ်ရောင်းပြီး စီးပွားဖြစ်နေတဲ့ အာဖရိက နိုင်ငံသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ပိုးဟပ်လို့ဆိုလိုက်ရင် ညစ်ပတ်တဲ့ ရောဂါပိုးရှိနိုင်တဲ့ သတ္တဝါလို့ လူအများစုက မှတ်ယူထားကြပါတယ်။ ဒါပေမဲ့ အာဖရိကတိုက် တန်ဇန်နီးယားက Daniel Rwehura ဆိုတဲ့ လက်သမားဆရာတစ်ယောက်ကတော့ ပိုးဟပ်တွေကို မွေးလို့ ရောင်းချရင်း ဝင်ငွေကောင်းနေပါတယ်။ ပိုးဟပ်ကို သွားရည်စာလို စားသုံးသူတွေ ကမ္ဘာမှာရှိလာနေပြီမို့ တရုတ်လိုနိုင်ငံအထိ သူ့ပိုးဟပ်တွေ တင်ပို့နေရပါတယ်တဲ့။


တန်ဇန်နီးယားမှာတော့ Daniel Rwehura က ပိုးဟပ်တွေကိုမွေးပြီး ရောင်းစားတဲ့ စီးပွားရေးလုပ်ငန်းကို စွန့်ဦးလုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
သူဟာ ပိုးဟပ် တစ်ကီလိုကို ယူရိုငွေ 5 ပေါင်နဲ့ ရောင်းချပြီး တော်တော်စီးပွားဖြစ်နေခဲ့တာပါ။


သူ့ရဲ့ ပြောကြားချက်အရတော့ ပိုးဟပ်တွေကိုမွေးရတာ တော်တော်လေးလွယ်ကူပြီး ဘယ်နေရာမှာမဆို မွေးလို့ရတဲ့အပြင် တော်တော်လေးအမြတ်ကျန်တဲ့စီးပွားရေးလဲဖြစ်ပါတယ်တဲ့ခင်ဗျာ။


များသောအားဖြင့် သူ့ဆီက ပိုးဟပ်တွေကို တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေက အစာအနေနဲ့ဝယ်ယူသလို တံငါသည်တွေကလဲ ငါးစာအနေနဲ့ ဝယ်ယူတတ်ကြတဲ့အပြင် အချို့လူတွေကတော့ သူတို့ကိုယ်တိုင်စားသုံးဖို့ ဝယ်ယူကြတယ်လို့ သိရှိရပါတယ်။


လူအများစုက ပိုးဟပ်တွေကို ရွံစရာ အင်းစက်အနေနဲ့ မြင်ကြ ကြောက်ကြပေမယ့် သူ့အတွက်ကတော့ တစ်ကယ့်ကို ငွေတွင်းကြီးပါပဲ။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။