တောင်ကြီးဆေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ရဲ နဲ့ စစ်သားတို့စကားများ နပန်းလုံးရန်ဖြစ်လို့ ရဲကို ၎င်းမိသားစုနဲ့အတူ ဖမ်းဆီးသွား

Local News

တောင်ကြီးဆေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ရဲ နဲ့ စစ်သားတို့စကားများ နပန်းလုံးရန်ဖြစ်လို့ ရဲကို ၎င်းမိသားစုနဲ့အတူ ဖမ်းဆီးသွား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ကြီးဆေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ရဲ နဲ့ စစ်သားတို့စကားများ နပန်းလုံးရန်ဖြစ်လို့ ရဲကို ၎င်းမိသားစုနဲ့အတူ ဖမ်းဆီးသွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တောင်ကြီးဆေးတက္ကသိုလ် အနီးကစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ ရဲတစ်ဦးနဲ့ စစ်သားတစ်ဦးတို့ စကားများ နပန်းလုံးထိုးကြိတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကုန်ကားမောင်းသမားတစ်ဦးဆီကို မေလ၁၂ ရက်မှာ ရဲကငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲဒီ ရဲနဲ့စစ်သားတစ်ဦးတို့ဟာ စကားများရာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။


“ဖြစ်စဉ်က ဂိတ်မှာလာရပ်တဲ့ကုန်ကားသမားကို ရဲက ငွေ ၅၀၀၀ တောင်းတာ ကုန်ကားမောင်းသမားက ဆေးကျောင်းဝန်းထဲကဝန်ထမ်းက သူ့တူအိမ်မှာထမင်းပြန်လာစားတာ၊ ဘာလို့ ၅၀၀၀ တောင်းတာလဲလို့မေးတော့ ရဲကဓားဆွဲထုတ်ပြီးထိုးဖို့လုပ်တော့ ဂိတ်စောင့်စစ်သားတစ်ယောက်က ထွက်လာပြီး ရဲကိုပြဿနာကြီးအောင်မလုပ်ဘဲ လွှတ်ပေးလိုက်ဖို့ပြောရာကနေ စစ်သားနဲ့ရဲနပန်းထလုံးကြတာ။

ခဏနေတော့ပိုက်ဆံတောင်းတဲ့ရဲနဲ့ ဆေးကျောင်းဝန်းထဲနေနေတဲ့ ရဲမိသားစုကိုရောရဲကားတွေနဲ့ လာခေါ်သွားကြတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။


ဖမ်းဆီးခံရတဲ့ အဲဒီရဲမှာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ၎င်းမိသားစုတို့နဲ့အတူ ဘယ်ကို ခေါ်ဆောင်သွားလဲဆိုတာတော့ အတိအကျမသိရသေးပေ။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။