သမိုင်းလမ်းဆုံမှာတော့ ပွဲကြမ်းနေပြီ

Local News

သမိုင်းလမ်းဆုံမှာတော့ ပွဲကြမ်းနေပြီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမိုင်းလမ်းဆုံမှာတော့ ပွဲကြမ်းနေပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ၏ လုံခြုံရေးရဲကင်းတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲ ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။


“သမိုင်းလမ်းဆုံနားမှာ ကင်းတဲ ဗုံးကွဲတယ်။ ရဲ ၂ ဦးဒဏ်ရာရတယ်။ ဗိုက်ကို ပတ်တီးစည်းထားတယ်။ နောက်တစ်ယောက် ခြေထောက်ထိတယ်။ အခု လမ်းပိတ်ထားတယ်။ အင်းစိန်ဘက်ခြမ်းကို သွားမရတော့ဘူး။ သေနတ်နဲ့ပစ်တာလည်း ၁၄ ချက်၊ ၁၅ ချက်လောက်ရှိတယ်” ဟု သမိုင်းဒေသခံတစ်ဦးက ပြောသည်။


ခရီးသွားပြည်သူတစ်ဦးကလည်း ရဲတစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး လူနာတင်ကားဖြင့် တင်ဆောင်နေသည်ကို မြင်တွေ့ရသည်ဟုဆိုသည်။
“အခုခွေးကားတွေရောက်နေတယ်..အင်းစိန်ဘက်လမ်းကိုပိတ်ထားတယ်.ခွေးတွေကတော့လမ်းရှင်းနေတယ်။ အင်အားများတယ်.ဆေးရုံကားတွေက လာပြီးသွားပြီ” ဟု သမိုင်းလမ်းဆုံနားတွင် နေထိုင်သူ အခြားဒေသခံတစ်ဦးက ဆိုသည်။


လက်ရှိမှာ သမိုင်းလမ်းဆုံ City Mart ထဲသို့ ခွေးတွေဝင်ပြီး စစ်ဆေးမှုပြုလုပ်နေပြီး အနီးနားတွင်ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူအချို့တွင်ကျောပိုးအိတ် လွယ်လာပါက အိတ်ကို မြေကြီးပေါ်သို့သွန်ချခိုင်းပြီး ပစ္စည်းများကိုစစ်ဆေးနေသည်။


ယခုလက်ရှိ အမျိုးသမီးငယ် ၂ ဦးကို ကားပေါ်သို့တင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။