မကြာခဏဂေါက်ရိုက်လေ့ရှိသော ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်၏စေခိုင်းမှုကြောင့် လိုင်စင်မလုပ်ဘဲ ရွှေတုံးရွှေခဲဝ​ယ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီပြော

Local News

မကြာခဏဂေါက်ရိုက်လေ့ရှိသော ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်၏စေခိုင်းမှုကြောင့် လိုင်စင်မလုပ်ဘဲ ရွှေတုံးရွှေခဲဝ​ယ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မကြာခဏဂေါက်ရိုက်လေ့ရှိသော ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်၏စေခိုင်းမှုကြောင့် လိုင်စင်မလုပ်ဘဲ ရွှေတုံးရွှေခဲဝ​ယ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးရှိရွှေဆိုင်များမှ ရွှေတုံး၊ရွှေခဲစာရင်းကိုစစ်ကောင်စီကောက်ယူနေ၊ ရွှေများကိုထိန်းချုပ်ရန်ကြိုးပမ်းမှုဟုသုံးသပ်မှုများရှိသည်ဟု သိရသည်။ ရွှေလုပ်ငန်းရှင်များကိုကန့်သတ်ချက်များထုတ်ပြန်ပြီးနောက် ရွှေအသင်းဥက္ကဌမှာ ဂေါက်ရိုက်နေပုံတင်ခဲ့သည်။

တစ်နိုင်ငံလုံးရှိရွှေဆိုင်များတွင် ရှိသည့် ရွှေတုံးရွှေခဲအရေအတွက်စာရင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များမှတစ်ဆင့် စစ်ကောင်စီ ကောက်ယူနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

နိုင်ငံအတွင်းရှိ ရွှေတုံးရွှေခဲများပမာဏနှင့် အရောင်းအဝယ် စီးဆင်းမူကို စစ်ကောင်စီကထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များမှ တစ်ဆင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရွှေအရာင်းအဝယ်နှင့်ပတ်သတ်သည့် စည်းမျဉ်း ၇ ခုကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ (မေ ၁၇ ရက်)က ထုတ်ပြန်သည်။ ယခင်က ထိုကဲသို့ သတ်မှတ်ချက်မျိုး မရှိခဲ့ပေ။

ထိုထုတ်ပြန်ချက်ထဲတွင် ရွှေဆိုင်များသည် ရွှေတုံးရွှေခဲစာရင်းကို တိတိကျကျ မှန်မှန်ကန်ကန်စာရင်းပြုစုပြီးပေးရမည်ဟု သတ်မှတ်ထားသည်။ ထိုပြင်ရွှေဆိုင်များနှင့်ရွှေတုံးရွှေခဲအရောင်းအဝယ်ပြုလုပ်သူများသည် လိုင်စင်ပြုလုပ်ရမည်ဟုဆိုသည်။ အွန်လိုင်းနှင့် မိုဘိုင်း အက်ပလီကေးရှင်းတွင် ရောင်းချမူများကိုလည်း လိုင်စင်လုပ်ရမည်ဖြစ်ပြီး လိုင်စင်မလုပ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး နေရာတွင်သာ ရွှေအရောင်းအဝယ်ပြုလုပ်ရန်နှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်ခြင်းမပြုရဟု အသင်းက ကန့်သတ်ထားသည်။ ထိုအချက်များကို မလိုက်နာပါက ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ခြိမ်းခြောက်ထားသည်။

“ပြည်တွင်းကရွှေတွေကို စစ်တပ်က ထိန်းချုပ်ဖို့ လုပ်နေတာ။ဒီရွှေတွေကနေ စစ်ကောင်စီကို ငွေရအောင် အသင်းက ကြိုးစားလုပ်ပေးနေတာ။ PDFတွေအနေနဲ့လည်း ဒီအသင်းကို အရေးယူပေးဖို့ တောင်းဆိုချင်တယ် ”ဟု ရန်ကုန်တိုင်းအခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီသည်နိုင်ငံခြားလိုငွေများလာခြင်းကြောင့်ပြည်တွင်းရှိ ဒေါ်လာနှင့် ရွှေကို ပိုမိုထိန်းချုပ်လာခြင်းဖြစ်ပြီး ပြည်သူပိုင်ရွှေများကို အဓမ္မသိမ်းယူရန် ကြံစည်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီက ရွှေအသင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ သတ်မှတ်ဈေးအတိုင်းရောင်းချရန် ဖိအားပေးထားသလို၊ ၎င်းတို့သတ်မှတ်သောဈေးဖြင့် ဈေးကွက်အတွင်းရွှေဝယ်ယူ၍ မရကြောင်းလည်း အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်များ အပါအဝင် ရွှေလုပ်ငန်းရှင် ၉ ဦးကို ယမန့်နေက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူအချို့ ကို အိန္ဒိယသို့ ရွှေမှောင်ခိုပို့ခြင်းကြောင့်ဆိုသောစွပ်စွဲချက်ဖြင့်ဖမ်းဆီးထားခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။

သို့သော် ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်က ဖမ်းဆီးခံရသူများသည် ရွှေလုပ်ငန်းရှင်များ မဟုတ်ဘဲ လေပက်ကားရောင်းဝယ်သူများဖြစ်သည်ဟု မီဒီယာအချို့ကိုဖြေကြားထားသည်။ လေပက်ကားရောင်းဝယ်သည်ဆိုခြင်းမှာ လက်ငင်းငွေသားဖြင့်ရောင်းဝယ်ကြခြင်းမဟုတ်ဘဲ ဖုန်းဖြင့် သို့မဟုတ်အွန်လိုင်းမှ ယုံကြည်မှုဖြင့် အရောင်းအဝယ်လုပ်ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိရွှေဆိုင်များကို ရွှေတုံးရွှေခဲစာရင်းလုပ်ပေးရန် ၊လိုင်စင်ပြုလုပ်ရန် တင်းကြပ်လာချိန် ၊ လုပ်ငန်းရှင်အချို့ ဖမ်းဆီးခံထားရချိန်မှာပင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်နှင့် လုပ်ငန်းရှင်အချို့က ဂေါက်သီးရိုက်သောဓါတ်ပုံကို အသင်းဖေစ်ဘွခ်တွင်တင်၍ “ကျန်းမာရေးအတွက်GOLFရိုက်ပါ” ဟုရေးသားထားသည်ကိုတွေ့ရသည်။ ရွှေလုပ်ငန်းရှင်များကို အချက် ၇ ချက်ထုတ်ပြန်၍ကန့်သတ်ကြောင်း ပိုစ်တင်ပြီး နှစ်နာရီ အကြာတွင်အသင်းဥက္ကဌ နှင့်အသင်းဝင်လုပ်ငန်းရှင်အချို့ အေးဆေးဂေါက်သီးရိုက်သောပုံကိုတင်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး ၅ ရက်အကြာ ၂၀၂၁ ဖော်ဖော်ဝါရီ ၅ ရက်တွင် ပြည်သူများက စစ်အုပ်၏အာဏာလုယူမှုကြောင့် ဝမ်းနည်း၊ဒေါသထွက်နေကြချိန်တွင် ကျန်းမာရေးအတွက်ဂေါက်ရိုက်ပါဟု ဓါတ်ပုံနှင့်ပိုစ် စတင်ခဲ့သည်။ ဖေဖော်ဝါရီ ၅ရက်မှစ၍ ထန်တလန်တစ်မြို့လုံးမီးရှို့ခံရသောနေ့ပင်မရှောင် ထိုအသင်းသည် ရန်ကုန်ရွှေအသင်းတာဝန်ရှိသူများအေးဆေးဂေါက်သီးရိုက်သောပုံများမကြာခဏတင်နေဖြစ်သည်။

ရေးသားသူ – လူထုနွေဦး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။