သန်လျင် ၊ ခရမ်းနှင့် သုံးခွ မြို့နယ်များတွင် ဆိုင်ကယ်စီးလျှင် ဖမ်းတော့မည်

Local News

သန်လျင် ၊ ခရမ်းနှင့် သုံးခွ မြို့နယ်များတွင် ဆိုင်ကယ်စီးလျှင် ဖမ်းတော့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သန်လျင် ၊ ခရမ်းနှင့် သုံးခွ မြို့နယ်များတွင် ဆိုင်ကယ်စီးလျှင် ဖမ်းတော့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် အတွင်းရှိ စစ်ကောင်စီ စခန်းများတိုက်ခိုက်ခံရမှုကြောင့် ခရမ်း၊သုံးခွ၊သန်လျင် (၃) မြို့နယ်အား ဆိုင်ကယ်(လုံးဝ)မစီးရ မြို့နယ်များအဖြစ် စစ်ကောင်စီ သတ်မှတ်လိုက်တယ်လို့ အဆိုပါ မြို့နေ ဒေသခံများထံမှ သိရပါတယ်။

ယင်းမြို့နယ်များ အတွင်း ဆိုင်ကယ်မစီးရ ဆိုသည့်အမိန့်ကို လွန်ခဲ့တဲ့ ၃ ရက်မှ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး အဆိုပါ မြို့နယ်များအတွင်း အသိပေး ကြေညာမှုတွေကို ဒေသအာဏာပိုင်တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လုံးဝကို မစီးရတော့တာပေါ့။ ခရမ်း၊သုံးခွ၊သန်လျင် ၃ မြို့နယ်လုံးမှာပါ။ မြို့ပေါ်တွေ အပါ ကျေးရွာတွေမှာပါ ဆိုင်ကယ်မစီးရဘူးဆိုပြီး သူတို့က အသံချဲ့စက်နဲ့ လိုက်အော်နေတာတွေရှိတယ်။ အခုက ကျေးရွာတွေမှာပါ မစီးရတော့တာ ဘယ်လိုဖြစ်လဲဆိုရင် လမ်းဘေးထိုးထားတဲ့ ဆိုင်ကယ်တွေက အစ သူတို့က အတင်းလိုက်ဆွဲပြီး အတင်းလိုက်သိမ်းနေတဲ့ပုံစံဖြစ်နေတယ်။ ဆိုင်ကယ်တွေကို အပြင်တောင်မထုတ်ရဲတော့ဘူး၊ တွေ့တာနဲ့သိမ်း အဲ့လိုတွေပေါ့။ ရွာတွေ အထိပါ မစီးရဘူးဆိုတော့ ဒေသခံတွေရဲ့ သွားလာဆက်သွယ်ရေးအပိုင်းမှာ အခက်အခဲတော့ရှိသွားပါတယ်။ ဒီဘက်ဒေသတွေက ဆိုင်ကယ်နဲ့ပဲ အဓိကထားပြီး သွားလာရတာကိုး။ အခု ဆိုင်ကယ်မစီးရတာ ဘယ်အချိန်ကာလအထိလဲ ဆိုတာတော့ သူတို့ ကြေညာချက်ထဲ မပါပါဘူး။”လို့ သုံးခွမြို့ ဒေသခံတစ်ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

ယင်းမြို့နယ်တွေ အတွင်းမှာ ယခုကဲ့သို့ ဆိုင်ကယ်စီးနင်းမှုကို ပိတ်လိုက်သည့် အတွက် ဒေသခံတွေရဲ့ သွားလာ ဆက်သွယ်ရေး အပိုင်းမှာ အတော်လေး အခက်အခဲတွေရှိလာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ မြို့နယ်တွေမှာ ဒေသခံတွေက ဆိုင်ကယ်ကိုသာ အဓိက အသုံးပြု၍ စီးနင်းသွားလာနေကြရတာဖြစ်ပြီးယခုလို စီးနင်းခွင့်ပိတ်လိုက်သည့် အတွက် ဒေသခံတွေရဲ့ နေ့စဥ် လူမှုဘဝတွေကိုပါ ထိခိုက်မှုရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ ခရမ်း၊သုံးခွ၊သန်လျင် မြို့နယ် များ အတွင်းမှာ ဆိုင်ကယ်မစီးရ မြို့နယ်အဖြစ် သတ်မှတ်ထားပြီး မြို့ပေါ်ရော ကျေးရွာများ အတွင်းမှာပါစီးနင်းခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး စီးနင်းတာတွေ့ပါက ထိရောက်စွာ အရေးယူခံရမည်ဟု ဒေသအာဏာပိုင်တွေဘက်က အသိပေးနှိုးဆော်မှုတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးစခန်းတွေဟာ မကြာခဏဆိုသလို တော်လှန်ရေးအဖွဲ့တွေရဲ့ ပျောက်ကြားတိုက်ခိုက်ခံရခြင်းတွေကို ကြုံနေရတာလည်း ဖြစ်ပါတယ်။

ရေးသားသူ – မြန်မာ ပလပ်ဖောင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။