မန္တလေးတွင် စစ်ကောင်စီမှလုံခြုံရေးချထားပြီး ၅၀၀၀ စားများဖြင့် တပ်မတော်ထောက်ခံပွဲ အကြီးအကျယ်ကျင်းပ

Local News

မန္တလေးတွင် စစ်ကောင်စီမှလုံခြုံရေးချထားပြီး ၅၀၀၀ စားများဖြင့် တပ်မတော်ထောက်ခံပွဲ အကြီးအကျယ်ကျင်းပ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးတွင် စစ်ကောင်စီမှလုံခြုံရေးချထားပြီး ၅၀၀၀ စားများဖြင့် တပ်မတော်ထောက်ခံပွဲ အကြီးအကျယ်ကျင်းပ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ် ထောက်ခံပွဲ ကို ဒီနေ့မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူပေးပြီး အသွားအလာပိတ်ကာ ကျင်းပခဲ့တယ်လို့သိရပါတယ်။

အဲဒီတပ်ထောက်ခံပွဲကို အောင်မြေသာစံမြို့နယ် ၊ ရွှေမန်းတောင်အားကစားကွင်းမှာ ပြုလုပ်တာပါ။ ထောက်ခံပွဲလုပ်တဲ့ ကွင်းပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားပြီး အနီးအနားကိုလည်းသွားလာခွင့်ပိတ်ထားတယ်လို့ဒေသခံတစ်ဦးကပြောပြပါတယ်။

ထောက်ခံပွဲလာသူတွေကို အသင့်စီစဉ်ထားတဲ့ ယာဉ်တွေနဲ့ အပို့အကြို လုပ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

ဒေသခံပြည်သူတဦးကလည်း “ဒီကောင်တွေ စောက်ရူးတွေဗျာ… ဘယ်ပြည်သူမှ လူ thet အကြမ်းဖက် စစ်တပ်ကို မထောက်ခံတာ ထမင်းစားတဲ့ လူတိုင်းသိနေတာပဲ… ထမင်းမစားဘဲ ချီးစားသူတွေသာ ထောက်ခံမှာ ဟုတ်တယ်မလား… ပွဲလာတဲ့ကောင်တွေအားလုံး ၅၀၀၀ စားတွေဗျ.. ကျုပ်တို့မန်းသားတွေဆိုတာ မျိုးနဲ့ရိုးနဲ့ဗျ ဒါမျိုးလုပ်ရပ်တွေမလုပ်ဘူး ရာဇဝင်ရိုင်းတယ်..” ဟု ပြောကြားခဲ့ပါသည်။

စစ်အုပ်စုက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ထောက်ခံတယ်ဆိုကာ နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကြံခိုင်ရေးပါတီက ထောက်ခံပွဲစတင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာ ရန်ကုန်မှာ စစ်အာဏာသိမ်းတာကိုလိုလားသူ အမျိုးသားရေးသမားဆိုသူတွေက လည်းတပ်ထောက်ခံပွဲ လုပ်ခဲ့ပါသေးတယ်။ အဆိုပါပွဲတွင် ဘုန်းကြီးအတုများထည့်ထားပြီး အမျိုးသားရေး ဘာသာရေးမှိုင်းတိုက်ကြောင်းလည်း သိရပါသည်။

ရေးသားသူ – ဆိုင်းမင်း/People’s Spring

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။