စက်သုံးဆီမလုံလောက်တော့သောကြောင့် မြန်မာတနိုင်ငံလုံးရှိ စက်သုံးဆီ အသေးစားနှင့် အလတ်စား ဖြန့်ဖြူးနေသောဆိုင် ၃၂၄ ဆိုင်ကို ဆီအကန့်အသတ်ဖြင့်သာ ဖြန့်ဖြူးပေးရန် စစ်ကောင်စီညွှန်ကြား

Local News

စက်သုံးဆီမလုံလောက်တော့သောကြောင့် မြန်မာတနိုင်ငံလုံးရှိ စက်သုံးဆီ အသေးစားနှင့် အလတ်စား ဖြန့်ဖြူးနေသောဆိုင် ၃၂၄ ဆိုင်ကို ဆီအကန့်အသတ်ဖြင့်သာ ဖြန့်ဖြူးပေးရန် စစ်ကောင်စီညွှန်ကြား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်သုံးဆီမလုံလောက်တော့သောကြောင့် မြန်မာတနိုင်ငံလုံးရှိ စက်သုံးဆီ အသေးစားနှင့် အလတ်စား ဖြန့်ဖြူးနေသောဆိုင် ၃၂၄ ဆိုင်ကို ဆီအကန့်အသတ်ဖြင့်သာ ဖြန့်ဖြူးပေးရန် စစ်ကောင်စီညွှန်ကြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြည်တွင်းတွင် ဓာတ်ဆီ 92 နှင့် 95 တို့ကို နိုင်ငံခြားမှ လုံလောက်စွာ မတင်သွင်း နိုင်ခြင်းကြောင့် လက်တလောတွင် မြန်မာတနိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီ အသေးစားနှင့် အလတ်စား SME ဆီဆိုင် ၃၂၄ ဆိုင်ကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း MPTA တွင် စာရင်းသွင်းပြီး ခွဲတမ်းစနစ်ဖြင့်သာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့က ကြေညာခဲ့သည်။


ပြည်ပမှ တိုက်ရိုက်တင်သွင်းလာသော Importer ကုမ္ပဏီကြီးများမှတဆင့် မြန်မာနိုင်ငံအနှံ့ လက္ကားပြန်လည် ရောင်းချ နေသော SME ဆိုင်များထဲမှ အဓိက ဦးစားပေးအဖြစ် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ဒေသများအတွက် ဆိုင်တဆိုင်လျှင် 92 ကို ၆ဝဝဝ လီတာနှုန်း၊ ကျန်တိုင်းနှင့်ပြည်နယ်ရှိ SME ဆိုင်များကို တဆိုင်လျှင် 92 ကို ၄ဝဝဝ လီတာ ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝယ်ယူခွင့် ရရှိသော SME ဆိုင်များအနေဖြင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ PPRD မှ နေ့စဉ်ထုတ်ပြန်သည့် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ဝယ်ယူခွင့် ရရှိပြီး မေလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ ငွေသွင်းခြင်း၊ စက်သုံးဆီ ထုတ်ယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခွဲတမ်းရရှိသော ဆိုင်များမှ စက်သုံးဆီထုတ်ယူခြင်း မရှိပါက ခွဲတမ်းတောင်းခံခွင့် ၁ လ ပိတ်ပင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


အဆိုပါ ဦးစားပေးရရှိသော ဆိုင်များအနေဖြင့် ရန်ကုန်တွင် ၄၃ ဆိုင်၊ မန္တလေးတွင် ၂၁ ဆိုင်နှင့် နေပြည်တော်တွင် ၂၁ ဆိုင်တို့ဖြစ်ပြီး ကျန်သည့်အရေအတွက်များထဲမှ တချို့ကို 92 ဓာတ်ဆီဖြန့်ဖြူးပေးမည်မဟုတ်ပဲ Premiun Diesel ကိုသာ ဖြန့်ဖြူးပေးမည်ဟု ပါရှိသည်။


အခုတော့ ဆီဆိုင်တွေကို ခွဲတမ်းစနစ်စတင်လိုက်တာပေါ့ဗျာ။ အဲ့ဒီခွဲတမ်းမပါတဲ့သူတွေကတော့ ဘယ်ကယူယူ ရတဲ့နေရာကယူသာရောင်းပေတော့။ ဖောင်ကိုလည်း သတ်မှတ်ကာလ မေ ၂၆ ရက်အတွင်း တင်ပေါ့။ သူတို့က စိစစ်ပြီး ပေးချင်လည်းပေးမှာပေါ့။ တနိုင်ငံလုံးကို လုံလုံလောက်လောက် မပေးနိုင်လို့ ဆိုင်တွေခွဲတမ်းစနစ်လုပ်တာပါ။ စစ်ကောင်စီဘက်ကတော့ ဘယ်မှာဆီသင်္ဘောဝင်နေပါပြီ၊ ဆီရနေပါပြီနဲ့ လူကြားကောင်းအောင် အော်နေတာ။ အခု သီလဝါဆိပ်ကမ်း ပတ်ဝန်းကျင်မှာပဲ သွားကြည့်ပါ။ အဲခွဲတမ်းရတဲ့ ဆိုင်တွေကနေတောင် ကိုယ်ကြိုက်သဘောက် အဲ့ဆိုင်ဈေးအတိုင်း ဝယ်မယ်ဆို ဝယ်လို့မရဘူးဟု ရန်ကုန်မြို့ရှိ စက်သုံးဆီလက္ကားဖြန့်ဖြူးနေသူ လုပ်ငန်းရှင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


ထို့အပြင် ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့အနှံ့ ဓာတ်ဆီလာဝယ်ကြရာတွင် မိမိကားဆန့်သလောက် ဝယ်ယူခွင့်မရကြောင်း သန်လျင်မြို့ရှိ ဒေသခံတဦးက ပြောသည်။
ထို့အပြင် PPRD မှ ဒေသအလိုက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအနေအထားကလည်း သီလဝါမှ ဆီထုတ်ပြီး မိမိတို့ ဒေသသို့ သယ်ယူရသည့် စရိတ်အနေဖြင့်လည်း တွက်ချက်ကြည့်လျှင် တိုင်းနှင့်ပြည်နယ် တခုထဲအတွင်းပင်လျှင် ခရီးအကွာအဝေးပေါ်မူတည်ပြီး သယ်ယူစရိတ်က ဆီဆိုင်ပိုင်ရှင်များအတွက် အခက်အခဲဖြစ်နေရကြောင်း မန္တလေးတိုင်းရှိ SME လက္ကားဆိုင် ပိုင်ရှင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။


အထူးသဖြင့် ဆီကို အခုတဆိုင်ကို လီတာ ၆ဝဝဝ ရမယ်ဆိုဦးတော့။ ကိုယ့်နယ်က ခွဲတမ်းရတဲ့ဆိုင်တွေလိုက်စုပြီးတော့ သယ်ရမယ်။ တချို့ဆိုင်တွေက ဘောက်ဆာအပိုင်ရှိတယ်။ တချို့က မရှိဘူး။ အဲ့ဒီမှာ တဆိုင်နဲ့တဆိုင် လိုက်ညှိနေတာ အချိန်တခုပေးရပြန်တယ်။ ပြီးတော့ စာရွက်စာတမ်းတွေလည်း လုပ်ရတာနဲ့ ပိုအလုပ်ရှုတ်လာတယ်။ မကြာပါဘူးဗျာ။ အခု ဆီဆိုင်တွေကို ခွဲတမ်းစနစ်ပေါ့။ နောက်ဆို ဓာတ်ဆီသုံးကားတွေကိုပါ ဟိုအရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် ကလိုပဲ ဆီစာအုပ်နဲ့ ခွဲတမ်းစနစ်လုပ်လာတော့မယ်ဟု သူက ဆိုသည်။


ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် စက်သုံးဆီခေတ္တပြတ်လပ်မှုဖြစ်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့တွင် ပြည်တွင်းလက်ကျန် ဓာတ်ဆီဂါလံ ၄၅ သန်းနှင့် ဒီဇယ် ၇ဝ သန်းရှိတာကြောင့် စက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မေလ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူမဖားအသင်း – MPTA က သီလဝါဆိပ်ကမ်း၌ နိုင်ငံခြားမှ ဆီတင်သင်္ဘော ၄ စီး ဆိုက်ရောက်နေပြီး စုစုပေါင်း စက်သုံးဆီဂါလံပေါင်း ၇ သောင်းကျော် ရောက်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု မဖြစ်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


သို့သော် စက်သုံးဆီစျေးကွက်တွင် စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသဖြင့် ပြည်သူများ အကန့်အသတ်မရှိ ဝယ်ယူနိုင်ခြင်း မရှိဘဲ စျေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။